G_a-n_d-h_a-r_i (2-0-2-6)
=====================
TMDB ⭐️ 7.5/10
ဇာတ်လမ်းကတော့ ဘာနီနဲ့ ဂိုကူလ် တို့ ဇနီးမောင်နှံနှစ်ယောက်ဟာ သူတို့ရဲ့ ၅ နှစ်အရွယ် သမီးငယ်လေး မစ်ရှ်တီနဲ့အတူ ရထားစီးပြီး ခရီးထွက်လာရာကနေ စတင်ပါတယ်။ ဒါပေမဲ့ ဂျွိုင်ပူရာဆိုတဲ့ လူရှုပ်တဲ့ ဘူတာရုံကြီးကို ရောက်တဲ့အချိန်မှာတော့ မထင်မှတ်ဘဲ လူအုပ်ထဲမှာ သမီးလေး ပျောက်ဆုံးသွားပါတော့တယ်။
သားသမီး ပျောက်သွားလို့ ရူးမတတ်ဖြစ်နေတဲ့ မိဘနှစ်ပါး... ရဲစခန်းသွားတိုင်ပေမဲ့လည်း ထိရောက်တဲ့အကူအညီမရတဲ့အခါ ကိုယ်တိုင်ပဲ သမီးလေးကို လိုက်ရှာဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
ဒါပေမဲ့ ကံကြမ္မာက သူတို့ကို ထပ်ပြီး ရက်စက်လိုက်ပြန်ပါတယ်။ ဘာနီတစ်ယောက် အကြမ်းဖက်တိုက်ခိုက်ခံရပြီး သူ့ရဲ့ မျက်စိအမြင်အာရုံကိုပါ ခေတ္တ ဆုံးရှုံးလိုက်ရတဲ့အခါ...
"မျက်လုံးနှစ်လုံး ကန်းသွားပေမဲ့ သားသမီးအတွက်ဆိုရင် မိခင်တစ်ယောက်ရဲ့ အမြင်အာရုံက ဘယ်တော့မှ မမှောင်မိုက်သွားပါဘူး" ဆိုတဲ့အတိုင်း... မျက်စိမမြင်ရတဲ့ မိခင်တစ်ယောက်ဟာ ကလေးသူခိုး ဂိုဏ်းကြီးတစ်ခုရဲ့ နောက်ကွယ်က အမှောင်ခြမ်းတွေကို ဘယ်လို ထိုးဖောက်ဝင်ရောက်မလဲ။ ဘေးနားကလူတွေကရော တကယ်ပဲ ယုံကြည်ရပါ့မလား...။

