မစ္စတာ ကေကေ (သို့မဟုတ်)ကာဒါးပြည်နယ်ကပြိုင်ဖက်ကင်းသူ ဒီဇာတ်ကားက… — Movies City 🩵 — TG.ME

Forwarded fromMOMovie City
မစ္စတာ ကေကေ (သို့မဟုတ်)ကာဒါးပြည်နယ်ကပြိုင်ဖက်ကင်းသူ

ဒီဇာတ်ကားက မလေးရှားအနောက်မြောက်ပိုင်းမှာရှိတဲ့
ပင်နီဇွဲလားကျွန်းဆွယ်ပေါ်က ပြည်နယ်တစ်ခုဖြစ်တဲ့
ကာဒါးပြည်နယ်မှာ အခြေတည်ပြီး ရိုက်ကူးထားတာပါ။

မလေးရှားရောက် တမီးလ်လူမျိုး စုံတွဲနှစ်ယောက်ဖြစ်တဲ့ ဗားဆူးနဲ့အာတီရာဟ်တို့ဟာ ကွာလာလမ်ကူက ဧည့်ဂေဟာတစ်ခုမှာ နေထိုင်းရင်း ဆရာဝန်ဖြစ်တဲ့ ဗာဆူးက ဆေးရုံတစ်ခုမှာ အလုပ်စဝင်ပါတယ်။

သူ့မိန်းမ အာတီရာဟ်ကတော့နေ့စေ့လစေ့ ကိုယ်ဝန်ကြီးနဲ့ပေါ့။

ဆေးရုံမှာ ဗာဆူးညဆိုင်းဆင်းတဲ့ တညမှာလူနာတစ်ယောက်ကို လူတစ်ယောက်က လာသတ်လို့ ဝင်ကယ်လိုက်ပါတယ်။

လူနာက အက်ဆီးဒင့်ဖြစ်ပြီး ၊ယာဉ်ထိန်းရဲတွေ ဆေးရုံလာတင်ပေးထားရတဲ့ အမည်မသိ လူနာပါ။

ဒီလိုနဲ့ ဗာဆူးအိမ်အပြန်ရောက်ချိန်သူ့အိမ်ထဲကို လူတစ်ယောက် ဝင်လာပြီး၊ ဗာဆူးကို အမှောက်သိပ်၊ သူ့မိန်းမကို ပြန်ပေးဆွဲသွားပါတယ်။

ပြီးတော့မှ သူ့ဆီကို ပြန်ပေးသမားကဖုန်းဆက်ပြီး ဆေးရုံမှာ သူကယ်ခဲ့တဲ့လူနာကိုရဲတွေ ဆေးရုံဝန်ထမ်းတွေမသိအောင်
အပြင်ထုတ်လာပေးရမယ့်အကြောင်း၊ဒီလိုထုတ်ပေးမှ သူ့မိန်းမကို ပြန်လွှတ်ပေးမယ့်အကြောင်း ပြောလာပါတယ်။



😍ကြည့်ရန်အတွက်Comမှာလင့်ချပေးထားမယ်နော်⬇️⬇️
September 7, 2026 738 1 1