ဩဂုတ်လအတွင်း စစ်အုပ်စုထံမှ ၂၀ ဦး အလင်းဝင်ပြီး စစ်သုံ့ပန်း ၃၃ ဦး… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️‌ဩဂုတ်လအတွင်း စစ်အုပ်စုထံမှ ၂၀ ဦး အလင်းဝင်ပြီး စစ်သုံ့ပန်း ၃၃ ဦး အရှင်ဖမ်းမိ

၈ စက်တင်ဘာ ||| နွေဦးအသံ |||

နိုင်ငံတဝှမ်းမှာ အကြမ်းဖက်စစ်ကောင်စီထံမှ တော်လှန်ရေးတပ်ဖွဲ့တွေထံသို့ သြဂုတ်လအတွင်း အလင်းဝင်လာသူ ၂၀ ဦးနဲ့ စစ်သုံ့ပန်း ၃၃ ဦး ရှိခဲ့တယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ရဲ့ စက်တင်ဘာ ၇ ရက် ဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ထံမှ အလင်းဝင်လာသူ ၂၀ ဦး ရှိခဲ့ရာ မကွေးတိုင်း ၁ ဦး၊ ချင်းပြည်နယ် ၃ ဦး၊ ကရင်ပြည်နယ် ၇ ဦး၊ ရှမ်းပြည်နယ် ၆ ဦးနဲ့ စစ်ကိုင်းတိုင်းမှ ပြည်သူ့စစ် ၃ ဦးတို့ဖြစ်ကြပြီး ၉ ဦးမှာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရှင်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံပန်း ၃၃ ဦးမှာလည်း တနင်္သာရီတိုင်းမှာ စစ်သား ၄ ဦးနဲ့ ရဲ ၁ ဦး၊ ရှမ်းပြည်နယ် ၁ ဦး၊ ချင်းပြည်နယ် ၆ ဦး၊ ကရင်နီပြည်နယ် ၄ ဦး၊ မကွေးတိုင်း ၁၇ ဦးတို့ဖြစ်ကြပြီး ၃ ဦးမှာ စစ်မှုထမ်းတပ်သားသစ်တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ထံမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ်၊ သြဂုတ်လအထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃၈၂၁ ဦးထိရှိခဲ့ကြောင်း ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းတွေအရ ဖော်ပြထားတာ တွေ့ရပါတယ်။

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👏11👍2🔥1
September 8, 2026 623