နတ်မောက်မှာ ပြည်သူကိုနှိပ်စက်ဆက်ကြေးကောက်နေတဲ့စစ်အုပ်စုကို… — The Voice Of Spring | နွေဦးအသံ | — TG.ME

◼️နတ်မောက်မှာ ပြည်သူကိုနှိပ်စက်ဆက်ကြေးကောက်နေတဲ့စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ရာ စကစ ၃ ဦးသေဆုံး

၅ စက်တင်ဘာ ||| နွေဦးအသံ |||

မကွေးဒေသ၊ နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာ လှည့်လည်စစ်ကြောင်းထိုးပြီး ပြည်သူကိုနှိပ်စက်၊ ဆက်ကြေး‌ကောက်နေတဲ့ အကြမ်းဖက်စစ်တပ်ကို မြို့နယ် ပကဖ နဲ့ပူးပေါင်းတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်၊ မနက် ၇ နာရီခွဲခန့်မှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ ရွှေငွေပစ္စည်းတွေကို ခိုးယူတာနဲ့ ပြည်သူတွေကို ရိုက်နှက်ငွေညှစ်တာတွေလုပ်နေတဲ့ စစ်တပ်စစ်ကြောင်းကို ထနောင်းကုန်းကျေးရွာမှ ပြန်ထွက်လာစဥ် သရက်ချောင်းနဲ့ ကံလှကျေးရွာကြားမှာ ပဒေသာမိုင်းတွေနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ထုတ်ပြန်ထားတာပါ။

နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ အမှတ် ၉၀၃ တပ်ရင်း ဂဠုန် PDF တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ အသိပေးထားပါတယ်။

ပြည်သူလူထုအနေနဲ့လည်း စစ်တပ်က လှည့်လည်စစ်ကြောင်းထိုးရာမှာ ဓားစာခံလူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လေ့ရှိတာကြောင့် စစ်အုပ်စုနဲ့ အဝေးမှ ရှောင်ရှားကြဖို့ နတ်မောက်မြို့နယ်(ပကဖ)က သတိပေးထားတာ တွေ့ရပါတယ်။

Photo | နတ်မောက် ပကဖ (ပုံဟောင်း)

©The Voice of Spring
#thevoiceofspring
#WhatsHappeningInMyanmar
#RejectMilitaryCoup

ဆန်းသစ်တီထွင်မှုပြည့်ဝပြီး လွတ်လပ်တဲ့မီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့ The Voice of Spring ကို မျှဝေပါ။ Subscribe လုပ်ပါ။
👍21❤4👏3
September 5, 2026 973