မန္တလေးတွင် ကားပေါ်သို့ သစ်ပင်လဲကျ၍ လူတစ်ဦးပိတ်မိ၊ ကယ်ဆယ်နိုင်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မန္တလေးတွင် ကားပေါ်သို့ သစ်ပင်လဲကျ၍ လူတစ်ဦးပိတ်မိ၊ ကယ်ဆယ်နိုင်

စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ (၃၄)လမ်း၊ (၈၅×၈၆) လမ်းကြားတွင် စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီ ၁၇ မိနစ်ခန့်က ရပ်ထားသည့်ကားပေါ်သို့ သစ်ပင်လဲကျ၍ ကားခေါင်းခန်းအတွင်း အမျိုးသားတစ်ဦး ပိတ်မိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်အား ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ပိတ်မိနေသူအား နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး မစိုးရိမ်ရသည့် ဒဏ်ရာများရရှိသဖြင့် မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

TruthZoneOnline
👍12🙏3😢1
September 9, 2026 561 2