လေးမျက်နှာတွင် တာတမံနိမ့်ကျမှုကြောင့် မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးနှင့်… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

လေးမျက်နှာတွင် တာတမံနိမ့်ကျမှုကြောင့် မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက်

စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်တာအောက်ခံ မြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားရာ မီးသတ်တပ်ဖွဲ့ဝင်များက တာကျိုးနေရာများတွင် သဲအိတ်ဖြည့်ခြင်း၊ ဖို့ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ရေဘေးရှောင်စခန်းများနှင့် ရေဝင်ရောက်သည့်ကျေးရွာများသို့ စားရေရိက္ခာနှင့် သောက်သုံးရေများ ပို့ဆောင်ပေးခြင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အဖွဲ့အစည်းများနှင့် အလှူရှင်များအား သက်ဆိုင်ရာနေရာများသို့ ပို့ဆောင်ပေးခြင်း၊ ဒေသခံပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုရေးကိစ္စများအတွက် သွားလာရာတွင် ကူညီပို့ဆောင်ပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ရေဘေးကြောင့် စာသင်ကျောင်းများတွင် တင်ကျန်နေသည့် ရွံ့နှင့် နုံးမြေများကိုလည်း ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။

TruthZoneOnline
👍26❤4🥰3👏1🫡1
September 9, 2026 861 2