မြဝတီတွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

မြဝတီတွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ ပိတ်ပွဲကျင်းပ

စက်တင်ဘာ ၅

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်၊ မြို့နယ်အဆင့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက City Home ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲလင်းမောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများချီးမြှင့်ကာ ပြိုင်ပွဲဖြစ်မြောက်ရေး ပူးပေါင်းဆောင်ရွက်သူများအား ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ကြသည်။

ပြိုင်ပွဲတွင် အသက် ၁၀ နှစ်မှ ၁၅ နှစ်နှင့် ၁၅ နှစ်မှ ၂၀ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆၁ ဦးနှင့် ကဗျာလွတ်အဖွဲ့ ၁၄ ဖွဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများသည် ကရင်ပြည်နယ်အဆင့် ပြိုင်ပွဲတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

TruthZoneOnline
👍27👏2❤1
September 5, 2026 612 1 1