လှိုင်းဘွဲတွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ… — 🇲🇲 Truth Zone Online 🇲🇲 — TG.ME

လှိုင်းဘွဲတွင် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု ပြိုင်ပွဲ ဖွင့်လှစ်

စက်တင်ဘာ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၆ ခုနှစ် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက အောင်ဆန်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို လှိုင်းဘွဲစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွန်းကျော်နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာစကားများ ပြောကြားကာ သဘင်သီချင်း၊ တယောတီးဖျော်ဖြေမှုများဖြင့် ဖျော်ဖြေခဲ့ကြသည်။

ပြိုင်ပွဲကို လှိုင်းဘွဲမြို့နယ်တွင် စက်တင်ဘာ ၅ ရက်မှ ၆ ရက်အထိ အခြေခံနှင့် ဝါသနာရှင်အဆင့်များ ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်နယ်အဆင့်ကို စက်တင်ဘာ ၉ ရက်မှ ၁၀ ရက်အထိ ဘားအံမြို့၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

TruthZoneOnline
❤10👍5🤗1
September 5, 2026 452 1