ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့က ဂုဏ်ပြုကြိုဆို
ဗီယက်နမ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီးတို့အား ယနေ့ နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံသမ္မတနှင့်ဇနီးတို့က အမျိုးသားလွှတ်တော်(National Assembly Building) ရှေ့ရင်ပြင်၌ နိုင်ငံတော်အဆင့် ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနားဖြင့်ဂုဏ်ပြုကြိုဆိုသည်။
ဦးစွာ အခမ်းအနားကျင်းပပြုလုပ်မည့်နေရာသို့ နိုင်ငံတော်သမ္မတနှင့်ဇနီးတို့ ရောက်ရှိလာရာ ဗီယက်နမ်နိုင်ငံ သမ္မတ မစ္စတာတိုလန်းနှင့်ဇနီးတို့က လှိုက်လှဲနွေးထွေးစွာကြိုဆိုသည်။
ယင်းနောက် နိုင်ငံတော်သမ္မတနှစ်ဦးသည် အလေးပြုခံစင်မြင့်ထက်တွင် တက်ရောက်နေရာယူပြီး ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူသည်။ ထိုသို့ နိုင်ငံတော်သီချင်းများ တီးမှုတ်ဂုဏ်ပြုနေစဉ် ဗီယက်နမ်နိုင်ငံ ဂုဏ်ပြုအမြောက်တပ်ဖွဲ့မှ အမြောက် ၂၁ ချက်ပစ်ဖောက်၍ဂုဏ်ပြုကြိုဆိုသည်။
TruthZoneOnline
34
4
3
2
1September 5, 2026 604 1




