ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅ အနီး Express ယာဉ်တိမ်းမှောက်၍ ခရီးသည် ၂၂ ဦး ဒဏ်ရာရ
စက်တင်ဘာ ၂
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅ အနီး၌ ယနေ့မွန်းလွဲ ၂ နာရီ ၆ မိနစ်ခန့်က ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ ခရီးသည် ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ယာဉ်ပေါ်၌ အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ခရီးသည် ၂၇ ဦး လိုက်ပါလာခဲ့ပြီး အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၈ ဦး စုစုပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယာဉ်တိမ်းမှောက်မှုဖြစ်ပွားပြီးနောက် လှည်းကူးမြို့နယ်နှင့် (၁၁) မိုင် အမြန်လမ်းမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြသည်။
ဒဏ်ရာရရှိသူများအား ကြက်ခြေနီ သူနာတင်ယာဉ်များဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
TruthZoneOnline
11
8
4
2
2
1September 3, 2026 849 1



