Thel in Progress: post #800 — TG.ME

🌸Fear of Judgement & Overthinking🌿

တစ်ခုခု ဆို အပြောခံရမှာ ကြောက်တဲ့ စိတ် ၊ family relation ဒါမှမဟုတ် အလုပ် တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ် ပြောဆိုတဲ့ အခါမှာ ကိုယ်ပြောတဲ့ စကားကို သူက ကြိူက်ပါ့မလား ၊ ငါ့ကို ဘယ်လိုမြင်သွားမလဲ ဆိုတဲ့ အတွေးမျိုး ဖြစ်ဖူးကြမယ် ထင်ပါတယ် ၊၊ အများကြီး မဟုတ်တောင် နည်းနည်းတော့ ဝင်တတ်ကြမယ် ထင်ပါတယ် ၊၊

ကျွန်မကတော့ judgement လုပ်ခံရမှာနဲ့ ပတ်သတ်ပြီး အများကြီး overthinking ဖြစ်တတ်တဲ့ သူမျိုးပါ ၊၊ ဒါကြောင့် တစ်ချို့ စကားလုံး တစ်ချို့ ကို ထိန်းပြီးပြောတတ်ပါတယ် ကိုယ့်ကြောင့် သူများ စိတ်မကောင်းရမှာ ၊ အမြင်လွှဲ သွားမှာ စိုးရိမ်တတ်သူပါ၊၊

ဒီနောက်ပိုင်း စကားပြောတဲ့ အခါမှာ ကိုယ့်ဘက်က အရမ်း overthink တွေ ဖြစ်ပြီး စိတ်အခြေအနေ မကောင်းတာမျိုးတွေ ဖြစ်တဲ့ အတွက်ကြောင့် ဒီ လို ဖြစ်တတ်တဲ့ ကျွန်မကိုယ် ကျွန်မ ပြင်ဖို့ ကြိုးစားကြည့်နေပါတယ်၊၊

ကျွန်မကတော့ ဒီလိုမျိုးလေးတွေ ကိုယ့်ကိုယ်ကို အမြဲ သတိပေးဖြစ်တယ်

🍁တစ်ဖက်လူ ရဲ့ အတွေး အပြုအမူ အပြောအဆို တွေကို ကိုယ်က control မလုပ်နိုင်ဘူး၊၊ အဲ့ဒါက သူတို့ရဲ့ action ၊ ထိန်းချုပ်နိုင်တဲ့ အရာက ကိုယ်ကိုယ်တိုင်ပဲ ရှိတယ် ဒါကြောင့် ကိုယ် ဘယ်လို response လုပ်မလဲ ဆိုတာကို ပဲ ဂရုစိုက်၊၊

🍁 ကိုယ်ထင်မြင်ယူဆချက် ကိုယ် စဥ်းစားလိုက်တဲ့ အရာတိုင်းက အမှန်တစ်ကယ် ဖြစ်လာတာ မဟုတ်ဘူး၊၊ အဲ့တာက အတွေးပဲ ဖြစ်နေသေးတာ လက်တွေ့ ဖြစ်မလာသေးတဲ့ အရာ ဒါကြောင့်စိုးရိမ်ပူပန်နေဖို့ မလိုဘူး ၊၊

🍁ပစ္စုပ္ပန် ကိုပဲ အာရုံစိုက် အခုလောလောဆယ် ကိုယ်ဘာလုပ်နေလဲ ကိုယ့်ကိုယ်ကို သတိကပ်ကြည့် ၊ အတွေးနဲ့ အာရုံကို လက်ရှိ ပစ္စုပ္ပန် ကို ပြန်ခေါ်

🍁 အရမ်းအတွေးလွန်လာရင် ကိုယ်ဘေးနားမှာ ရှိတဲ့ ပစ္စည်း နာမည်တွေ ပြောပြီး ထိတွေ ကိုင်တွယ် တာမျိုး လုပ်ကြည့် ၊၊ ညဘက် တစ်ခါတစ်လေမှာတော့ အရမ်းအတွေး များလာရင် ဘုရားစာတွေ ကောက်ဆို လိုက်တယ်၊၊ English number, korean number တွေကို ကောက်ဆို ပစ်တာမျိုးလည်း လုပ်လိုက်တယ် ၊၊ ဒီလို နည်းလမ်းတွေ သုံးပြီး အတွေးလွန်တာကို လျော့ချကြည့် ၊၊ချက်ချင်းကြီး မဟုတ်ပေမယ့် အနည်းအကျင်းတော့ စိတ်ကလေး တည်ငြိမ်လာပါလိမ့်မယ် 🌿🌸

#ThelinProgress
#Overthinking
#fearofjudgement
❤17💘1
July 3, 2026 606 5