အတိတ်ဆိုတာ နှစ်ခါပြန်မရနိုင်တော့တဲ့
ဘဝရဲ့ အရိပ်တွေပဲ။
ငယ်ရွယ်တဲ့ အချိန်မှာ ကျွန်တော်တို့တွေ နုနုနယ်တယ်နဲ့
ဖြူဖြူစင်စင် ချစ်ခဲ့ ဖူးကျမှာပေါ့။
ဘဝရဲ့ အမှတ်တရ ခုနှစ်တွေထဲမှာ 2024ခုနှစ်ကို
မှတ်မှတ်ရရ သိမ်းထား ခြင်တယ်။
အဲဒီခုနှစ်မှာ ကျွန်တော် အပေါ် အရမ်းကောင်းတဲ့
သူငယ်ချင်ူတွေ အများကြီး ရှိခဲ့တယ်။
အဲဒီ ခုနှစ်မှာ ကျွန်တော်အပေါ် ယုံ ကြည့်ပေးတဲ့ လူ တွေ ရှိခဲ့တယ်။
အဲဒီခုနစ်မှာ ကောင်းတာ တွေ အများကြီး လုပ် နိုင်ခဲ့တယ်။
အဲ ဒီ ခုနစ်မှာ ချစ်ခြင်းမေတ္တာရဲပြယုဂ်တွေ စည်းလုံး ခြင်းရဲ့ ရလဒ်တွေ ကြည်နူးမှုတွေ စိတ်ချ ယုံကြည်မှုတွေ စစ်မှန်မှုတွေ အများကြီး ထွေးပိုက်ခဲ့ရတယ်။
အချိန်တွေ ပြောင်းလဲ သွားတဲ့အခါ လူတွေ ပြောင်းလဲ သွားတယ်။ တန်ဖိုးထားမှုတွေ ပြောင်းလဲ သွားတယ်။ ခံ ယူချက်တွေ ပြောင်းလဲ သွားတယ်။ နောက်ဆုံးခင်မင်မှုတွေ ပါ ပြောင်လဲ သွားကျတယ်။
ဒါကြောင် အမြဲ တမ်းပြောင်းလဲ နေကျတဲ့ ခေတ်မှာ လက်ရှိ ပစ္စုပန်မှာ ရိုးသားဖို့ လိုအပ်ပါတယ်။
ဒါမှာ အတိတ်ကို ပြန်တွေးရင် နောင်တရစရာတွေ မရှိပဲ ။ ပုံရိပ်တွေ ဟာ အမြဲ လှလှ ပပလေး ရှိနေခဲ့မှာပါ။







