နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်… — TU Network — TG.ME

နည်းပညာနှင့်နှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများကွန်ရက်

(Technological-Related Interim University Councils Network)

[email protected]

ပေးအပ်မည့်ဘွဲ့ - ဗိသုကာဘွဲ့ (Bachelor of Architecture (B.Arch.))

အင်ဂျင်နီယာဘွဲ့ (Bachelor of Engineering (B.E.))

လက်ခံခေါ်ယူမည့်တက္ကသိုလ် - နည်းပညာတက္ကသိုလ် (မုံရွာ) (TU-Monwya)

နည်းပညာတက္ကသိုလ် (စစ်ကိုင်း) (TU-Sagaing)

သန်လျင်နည်းပညာတက္ကသိုလ် (TTU)

မော်လမြိုင်နည်းပညာတက္ကသိုလ် (Mawlamyine Technological University)

သင်တန်းကာလ - (၆) နှစ်

ဝင်ခွင့်လျှောက်ထားခြင်း

ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူမှုတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားပြီး ဝင်ခွင့်ရတက္ကသိုလ်များတွင် သက်ဆိုင်ရာဘွဲ့သင်တန်းအလိုက် သင်တန်းတက်ရောက်နေစဉ် အကြောင်အမျိုးမျိုးကြောင့် ၂၀၂၆ ခုနှစ် ဧပြီလမတိုင်မီ သက်ဆိုင်ရာတက္ကသိုလ်အသီးအသီးမှ တရားဝင်နှုတ်ထွက်ထားသည့် ကျောင်းသား/ကျောင်းသူမျာနှင့် ပြောင်းရွှေ့ တက်ရောက်လိုသော ကျောင်းသား/ကျောင်းသူများအား နည်းပညာတက္ကသိုလ်များ၏ ပုံမှန်(ဘွဲ့ကြို) ပထမနှစ်သင်တန်းများ သို့ လက်ခံခေါ်ယူမည့် အစီအစဉ်တွင် ဖေါ်ပြပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများ ဆန္ဒပြုလျှောက်ထားနိုင်ပါသည်။

(၁) ၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါဝင်သည့် ဘာသာရပ်တွဲတစ်ခုခုဖြင့် ဖြေဆိုအောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ

၁-က သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒဘာသာသာရပ်တို့တွင် ရမှတ်အနည်းဆုံး(၇၀)မှတ်နှင့်အထက်ရရှိသူ

၁-ခ အင်္ဂလိပ်စာဘာသာ ရမှတ် အနည်းဆုံး (၅၀ )မှတ်နှင့်အထက်ရရှိသူ

(၂) အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)] စနစ်ဟောင်းကို သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များပါဝင်သည့် ဘာသာရပ်တွဲတစ်ခုခုဖြင့် ပြီးမြောက်ထားခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ

၂-က သင်္ချာဘာသာရပ်တွင် ရမှတ်အဆင့် B* နှင့်အထက် ရရှိသူ

၂-ခ ဓာတုဗေနှင့် ရူပဗေဒ ဘာသာရပ်တို့တွင် ရမှတ်အဆင့် B နှင့်အထက် ရရှိသူ

၂-ဂ အင်္ဂလိပ်စာ ဘာသာရပ်တွင် ရမှတ်အဆင့် C* နှင့်အထက် ရရှိသူ

၂-ဃ ကျန်ဘာသာရပ်များတွင် ရမှတ်အဆင့် C နှင့်အထက် ရရှိသူ

(၃) တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ၊ နယ်စပ်ဒေသ အခြေစိုက် ပညာရေးအဖွဲ့အစည်းများမှ ၂၀၂၀ ၊ ၂၀၂၁ ၊ ၂၀၂၂ ၊ ၂၀၂၃နှင့် ၂၀၂၄ ခုနှစ်တို့တွင် အထက်တန်းပညာ ပြီးမြောက်အောင်မြင်ခဲ့ပြီး တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ

၃-က အမှတ်စဉ် (၂) ပါ သတ်မှတ်ချက်များနှင့်ညီမျှသော အရည်အချင်းရရှိထားသူ

၃-ခ သက်ဆိုင်ရာ ပညာရေးအဖွဲ့အစည်းများမှ ထုတ်ပြန်ပေးသည့် ပညာရေးဆိုင်ရာ အထောက်အထားများကို တင်ပြနိုင်သူ

(၄) GED/ IGCSE စာမေးပွဲရလဒ်များဖြင့် တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့သူများ

၄-က အမှတ်စဉ် (၂) ပါ သတ်မှတ်ချက်များနှင့်ညီမျှသော အရည်အချင်းရရှိထားသူ

၄-ခ Official Grade Certificate/Official Transcript တင်ပြနိုင်သူ

(၅) ဝင်ခွင့်လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်သူဖြစ်ရပါမည်။

(၆) သတ်မှတ်အရည်အချင်းကိုက်ညီသူများအားလုံး ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ(အင်္ဂလိပ်စာ၊ သင်္ချာနှင့် သပ္ပံ (ဓာတုဗေဒ+ရူပဗေဒ)) ကို အွန်လိုင်းစနစ်ဖြင့် ဖြေဆိုကြရမည့်အပြင် လူတွေ့စစ်မေးမှုကိုလည်း ဖြေဆိုရပါမည်။

(၈) ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကျင်းပမည့် အစီအစဉ်ကို ဝင်ခွင့်လျှောက်လွှာတွင်ဖော်ပြထားသည့် ဆယ်သွယ်ရန်အီမေးမှတဆင့် ကြိုတင် အကြောင်းကြားမည်ဖြစ်ပါသည်။

၉။ ဝင်ခွင့်စိစစ်ခြင်းနှင့် ရွေးချယ်ခြင်း

(က) အချက်အလက် မှန်ကန်မှုမရှိခြင်း/မှားယွင်းစွာဖေါ်ပြခြင်းနှင့် အထောက်အထားပြည့်စုံမှုမရှိသည့် လျှောက်လွှာများကို လက်ခံ စဉ်းစားမည်မဟုတ်ပါ။

(ခ) လျှောက်ထားရန် သတ်မှတ်ထားသည့် နေ့ရက်ထက် ကျော်လွန်သော ဝင်ခွင့်လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

(ဂ) ယခုကြားကာလတွင် Online သင်ကြားရေးစနစ်ဖြင့် သင်ယူနိုင်သူများကိုသာ လက်ခံသင်ကြားပေးမည် ဖြစ်ပါသည်။

(ဃ) ဝင်ခွင့်လျှောက်ထားသူများကို ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ရမှတ်ပေါင်း အများအနည်းစီ၍ ဦးစားပေးလျှောက်ထားသည့် တက္ကသိုလ်၏ ဘွဲ့သင်တန်းအလိုက် လက်ခံမည့် ဦးရေကို အခြေခံ၍ ရွေးချယ်လက်ခံသွားမည်ဖြစ်ပါသည်။

(င) ဘွဲ့သင်တန်းအလိုက် လက်ခံသင်ကြားမည့်ဘာသာရပ်များ

၁။ ဗိသုကာ (Architecture) - Online

၂။ အီလက်ထရောနစ်အင်ဂျင်နီယာ (Electronics Engineering)- Online

၃။ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering)- Online

၄။ စက်မှုအင်ဂျင်နီယာ (Mechanical Engineering)- Online

၅။ သုတနည်းပညာအင်ဂျင်နီယာ (Information Technology Engineering)- Online

၆။ မက္ကာထ‌ရောနစ်အင်ဂျင်နီယာ (Mechatronics Engineering)- Online

၇။ ရေနံအင်ဂျင်နီယာ (Petroleum Engineering) - Online
❤21
June 2, 2026 2.7K 26 16