ထိုင်းတောင်ပိုင်းအခြေအနေနဲ့တနွယ်ငင်တစင်ပါ
---
ထိုင်းနိုင်ငံတောင်ပိုင်းမလေးရှားနဲ့ကပ်ရက်ပြည်နယ်တွေမှာ ဗုံးခွဲတိုက်ခိုက်မှုတွေဆက်တိုက်ဖြစ်ပွါးနေလို့အရေးပေါ်အခြေအနေကြေငြာရတယ်..
---
ထိုင်းနိုင်ငံဟာတောင်ပိုင်းပြည်နယ်တွေမှာ
ဖွဲမီးလိုတငွေ့ငွေ့လောင်ကျွမ်းနေတဲ့အစ္စလာမ်မစ်အစွန်းရောက်လှုပ်ရှားမှုတွေကို ဒီမိုကရေစီအပြင်ဘန်းမျက်နှာဖုံးနဲ့ကာပြီး သိုသိုဝှက်ဝှက်ဖြေရှင်းဘို့ကြိုးစားနေတာဆယ်စုနှစ်ချီနေပါပြီ..
ဒီနှစ်အတွင်းမှာတော့မဖုံးနိုင်မဖိနိုင်ဖြစ်ရပ်တွေပိုပြီးပေါ်ထွက်လာတာပါ..
---
အခုအချိန်မှာတော့ ပိုပြီးစစ်သွေးကြွလာဖွယ်ရှိနေတဲ့မူဆလင်တော်လှန်ရေးသမားတွေအတွက်လက်နက်ခဲယမ်းတွေဘယ်ကဝင်လာမလဲ လက်နက်မှောင်ခိုတွေဘယ်မှာရှိနေလဲဆိုတာကိုထိုင်းအစိုးရကအလေးအနက်ထားကိုင်တွယ်နေပါပြီ..
---
စကားမစပ်ပြောရရင်..
တချိန်တုန်းက ခေါင်းဆောင်ကြီးဖုန်ကျားရှင်လက်ထက်မှာ တရုတ်နယ်စပ်ကကိုးကန့်တွေဟာ စီးပွါးအင်အားအလွန်တောင့်တင်းလာခဲ့တယ်..
လောက်ကိုင်မှာ လက်နက်စက်ရုံတွေဘာတွေတောင်ထောင်ပြီးအင်အားကြီးထွားခဲ့တယ်..
တရုတ်တွေကလဲမြှောက်ပေးထားတာ..
ဒါပေမဲ့ ၂၀၀၉ မှာတော့ တရုတ်နိုင်ငံရှင်ကျန်းပြည်နယ်ကဝီဂွါသူပုန်တွေလက်ထဲမှာကိုးကန့်ထုတ်လက်နက်တွေအထုတ်လိုက်အထည်လိုက်မိပါလေရော..
အဲဒီမှာတရုတ်ကမြန်မာစစ်တပ်ကိုမျက်စပစ်လိုက်လို့ မြန်မာစစ်တပ်က(ကိုးကန့်BGF မဖွဲ့တာကိုအကြောင်းပြပြီး) လောက်ကိုင်ကိုဝင်သိမ်းတော့ ဖုန်ကျားရှင်လဲထွက်ပြေးခဲ့ရတယ်..
---
လက်နက်မှောင်ခိုတွေကြောင့်ပြည်တွင်းရေးထိခိုက်မှုကိုတရုတ်ကပြတ်ပြတ်သားသားအမြစ်လှန်ခဲ့ဘူးသလို အခုထိုင်းတောင်ပိုင်းကိစ္စမှာလဲထိုင်းစစ်တပ်ကအမြစ်လှန်တော့မဲ့သဘောရှိတယ်..
---
ထိုင်းတောင်ပိုင်းကိုလက်နက်မှောင်ခိုပို့တဲ့သူတွေ/အဖွဲ့တွေတော့ခေါင်းကြိမ်းနေလောက်ပြီ..
တည့်တည့်ပြောရရင်တော့..
မြန်မာနယ်စပ်ကလက်နက်မှောင်ခိုတွေလဲပြေးပေါက်မှားတော့မယ်..
သန်းလွင်ထွန်း
၂၃ ဩဂုတ်လ ၂၀၂၆
36
16
8August 23, 2026 997 3 3