လိမ္မော်သီးလေး
အပြာရင့်ရင့်အရောင်နဲ့ လိမ္မော်သီးလေးဟာ မြို့ကလေးထဲကို တစ်လှမ်းချင်း လျှောက်လာတယ်။
ဟေး... ဟိုး..... ငါးတွေက နှုတ်ဆက်ကြတယ်။
သူလက်လှမ်းပြလိုက်တယ်။
အဲ့နောက် သူဆက်လျှောက်လာတယ်။
ပြာနေတဲ့ ကောင်ကင်ကြီးကို သူငေးကြည့်မိတယ်။
မဂ်လာညနေခင်းပါလို့ သူပြုံးပြုံးလေး ပြောလိုက်တယ်။
လမ်းမပေါ်မှာ ကြက်ဥပုတ်တွေ ရွေ့လျား
နေရာတိုင်းဟာ ပျော့တွဲ နံစော်နေတယ်။
သူ ဆက်လျှောက်လာတယ်။
ဌက်တွေဟာ ကဗျာရွတ်နေကြတယ်။
၀င်ကစွတ် ၀င်ကစွတ်
ခဗျားနေ့တိုင်း ရွေ့လျှား
ဒီနေ့ ခဗျားအိမ်ဘယ်မှာလဲဗျား။
လိမ္မော်သီးလေးရဲ့ ခေါင်းထဲမှာ
တီကောင်တွေ ရှိတယ်။
သူတို့ ဘယ်လောက်ပဲ ကိုက်ဖြတ်နေပါစေ
လိမ္မော်သီးလေးဟာ လွှင့်မပြစ်ရက်ဘူး။
သူကိုယ်တိုင် မျိုသိမ့်စားခဲ့တာကိုး။
ဟိုးအရင်တုံးက သူဟာ T_shirt တစ်ထည်ဖြစ်ချင်ခဲ့ဖူးတယ်။
ပန်းအိုးကလေး ဖြစ်ချင်ခဲ့ဖူးတယ်။
ခုတော့သူဟာ အပြာရင့်ရင့် လိမ္မော်သီးလေးပါပဲ။
အောင်နွယ်ဉီး
27/1/2026
#Taninekha
#poem
Forwarded fromShambhala 𓅓
January 27, 2026 1.1K 1 1