ကြည့်မှန်ထဲ ခုန်ဆင်းသွားသော ငါးတစ်ကောင်ရဲ့ ပူစီဖောင်းထဲက ကမ္ဘာ
ကလေးတစ်ယောက်ရဲ့ စိတ်ကူးနယ်လွန်
အိမ်မက်ကမ္ဘာတွေရဲ့ အစွန်းကို နယ်ချဲ့လိုက်တဲ့အခါ အဖြူရောင် နယ်မြေဟာ စောင့်ကြိုနေတယ်။
အတိတ်တို့ဟာ လှိုင်းအဖြစ်ရိုက်ခက်လို့
မီးပြတိုက်ဟာ အတွေးတွေ
မတိုက်မိအောင် ကြိုးစားနေရ
မီးပြတိုက်ဟာ အတွေးတွေရဲ့ မော်တော်မီကယ်ပဲ။
သစ်ရွက်ကလေးတွေ မျက်နှာပေါ်ကြွေတဲ့အခါ
စာအုပ်ကလေးနဲ့ အုပ်ထားပါ။
သစ်ရွက်တွေဟာ အတိတ်ရဲ့ ရွှေအိုရောင် အပိုင်းအစတွေ
သူတို့ကို လွင့်မသွားအောင် အုပ်ထားပြီး အိပ့်လိုက်ပါ။
သူတို့ မြစ်အဖြစ် အသွင်သွင် စီးဆင်းသွားသည်အထိ၊
အိပ့်လိုက်ပါ။
ကျောက်ရုပ်တွေရဲ့ အော်သံဟာ
မယ်ဒူဆာရဲ့ အနုပညာ
ကျောက်ရုပ်တွေရဲ့ ငိုသံဟာ
မယ်ဒူဆာရဲ့ အနုပညာ
ကျောက်ရုပ်တွေရဲ့ နှလုံးခုန်သံဟာလည်း
မယ်ဒူဆာရဲ့ အနုပညာ
ဦးထုပ်တွေဟာ လူတွေလို
သူတို့ကိုသူတို့ ဖော်ပြကြတယ်။
Top hatဟာ အရပ်ရှည်ရှည် နှခမ်းမွှေးထူထူ
ဘဲကြီးနေရာက သရုပ်ဆောင်တယ်။
Bowler hatက ၀ဖိုင့်ဖိုင့် boss နေရာမှာ သရုပ်ဆောင်တယ်။
တက်ကြွတဲ့ လူငယ်နေရာကို
Baseball hatက နေရာယူလိုက်တယ်။
Fedoraဟာ jazz အဆိုတော်၊
Derbyဟာ စုံထောက်၊ Beretဟာ ပန်းချီဆရာ၊
Straw hat ဟာ လယ်သမားပေါ့။
ကောင်းဘွိုင်ကို Cowboy hat၊
မုဆိုးကြီးက Coonskin hat၊
စားဖိုမှူးက Chef's hat၊
ရှေးဟောင်းသမားက Pith hat၊
ဆောက်လုပ်ရေးသမားက Hard hat၊
တရုတ်ကြီးအဖြစ်ကတော့ Conical hatဟာ သရုပ်ဆာင်တယ်။
ပြီးတော့ သူတို့ဟာ လမ်းမတွေပေါ် သွားလာကြ၊ ကားမောင်းကြ၊
ပျော်ပွဲစားထွက်ကြ၊ အိမ်တွေမှာနေကြ၊ ဘားသွားကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ကြ၊ ဆေးလိပ်သောက်ကြ၊
ဗိုက်ဆာလာတဲ့အခါ
တိမ်တွေကို ဒုတ်နဲ့ထိုးလိုက်
အဲ့တာ အာတာပူစီဖြစ်ရော
ပူနေတဲ့ဗိုက်ကို ပေါင်မုန့်ဖြတ်လွှနဲ့ဖြတ်
ကြယ်တွေကို ဖြူးလိုက်
လကိုအရည်ညှစ်ပြီး ဖန်ခွက်ထဲထည့်
ဘီစကွတ်တွေဆိုတာ ပါးစပ်အဖို့
ဖြည့်စီးခံ သက်သက်ပဲ။
ကြက်ဥကြော်အတွက်ကတော့
ဆီပူအိုးထဲ အရေပြားဆဲလ်တစ်ကောင်
ပစ်ထဲ့လိုက်ပါ။
အားလုံးကို စားလိုက်တဲ့အခါ
ကမ္ဘာဟာ ဗိုက်ပူလာ။
အောင်နွယ်ဦး
14/11/2025
#Taninekha
#poem
Forwarded fromShambhala 𓅓
1November 14, 2025 1.1K