အမည်မဲ့
ဖြစ်ရပုံများ
အိပ်မက်ထဲမှာတောင် အဆင်မပြေ
အလကားရတဲ့ ဖိနပ်မတော်
ကောင်းကင်က ခေါင်းနဲ့မလွတ် ။
ဖြစ်ရပုံများ
ကိုယ့်လဘက်ရည်ခွက် အရောက်မှာမှ
ရုတ်တရက်မလိုင်ကုန်သွားရ ။
ဖြစ်ရပုံများ
ထီမပေါက်တဲ့အပြင်
ထီပေါက်စဉ်ကလဲ မှားသေး ။
ဖြစ်ရပုံများ
လက်မှတ်ဝယ်ထားပြီးသား ရထားက
တစ်စီးလုံးပျောက်သွားတယ်တဲ့ ။
ဖြစ်ရပုံများ
တံထွေးကို မြိုချလိုက်တာ
ကမ္ဘာတစ်ခုလုံး ပါသွားတယ်တဲ့ ။
ကဲ. . . ဘာလိုသေးလဲ
လက်ကပတ်ထားတဲ့နာရီမှာ
ဓါတ်ခဲကုန်ဖို့ပဲ လိုတော့တယ် ။ ။
သစ္စာနီ
#Taninekha
#poem
Forwarded fromShambhala 𓅓
November 9, 2025 806