April 10 2020
RFedu ရဲ့မူလ အစ RFesports မှာ Team Member တွေ Game ပဲ ဆော့မနေစေပဲ လူမှုရေး စီးပွါးရေး ဝါသနာတွေ တိုးတက်လာစေဖို့အတွက် Esports ထဲက လူအချင်းချင်း မိမိတတ်မြောက် ကျွမ်းကျင်တာတွေ သင်စေပါတယ်။
Founder or Leader ဖြစ်သူ ကိုယ်တိုင်ကလည်း မိမိကျွမ်းကျင်ရာ Business Development ပိုင်းကို သင်ကြားပေးရ
ကနေ RF Edu ကို 10 April 2020 မှာ အစပြုခဲ့ပါတယ်။
နိုင်ငံရေးအခြေအနေဆိုးလာတဲ့ 2021 April မှာ ပြည်သူလူထု လမ်းပျောက်နေကြတယ်လို့ခံစားမိပါတယ်။
ဒါအပြင် CDM လုပ်ကြမည့် ကျောင်းသား/သူ တွေကြောင့် Edu Gap ဖြစ်သွားနိုင်တာကိုလည်း တွေးမိပြီး စိတ်မကောင်းဖြစ်ခဲ့ပါတယ်။
ထိုအချိန်မှာ ငွေကြေးချမ်းသာသော လူတချို့က ပညာရေး အဆက်မပြတ်စေဖို့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ပြင်ဆင်နေကြတာလည်း တွေ့လိုက်ပါသေးတယ်။
ကိုယ်တိုင်လည်း အိမ်က ကျောင်းတက်ဖို့ နိုင်ငံခြားထွက်ဖို့ တိုက်တွန်းနေတဲ့အချိန်…
အမေစုရဲ့စကားလေးတခု ရှာတွေ့မိပါတယ်
If you are feeling helpless, help someone.
ကဲ လူထုကို ကူညီမယ် RF Esports က မောင်မယ်များ လူစုကြလော ထကြွလော
နီးရာဆွဲစု ဆရာပြုပြီး
RF Edu ကို 10 May 2021 မှာ Public ဖွင့် Batch 1 သင်ကြားပေးနိုင်ခဲ့ပါတယ်။
RFEdu ရဲ့ရည်ရွယ်ချက်ကတော့
- လူထုကို ပညာရေးဖြင့် ကူညီရန်
- ဆင်းရဲချမ်းသာမှုကြောင့် ပညာရေးမကွာဟစေရန်
- ဝါသနာပါရာကို ငွေကြေးကုန်ကျမှုမရှိ သင်ယူနိုင်ရန်
စသည့် ရည်ရွယ်ချက်တွေနဲ့ Public ဖွင့် သင်ကြားပေးခဲ့တာ 5 နှစ်ပြည့်တော့မှာ ဖြစ်ပြီး ကျောင်း သက်တမ်းအရတော့ ယနေ့က 6 နှစ်ပြည့် ဖြစ်ပါသည်။
115
12
2April 9, 2026 6.9K 7 4