အားလုံးဘဲမင်လာပါ။ဒီနေ့မှာကျွန်တော်က ဘယ်စာအုပ်ရဲ့အနှစ်သာရကိုမှ တင်မှာမဟုတ်ပါဘူး။ကြေညာစရာလေးရှိလိုပါ။
The Fate Of A Manဆိုတဲ့စစ်ပြန်သူရဲကောင်းကြီးရဲ့ ဇာတ်လမ်းစာအုပ်တစ်အုပ်လုံး ကိုကျွန်တော်တို့ချုပ်ပြီး ရေးတင်ခဲ့ပေးဖူးပါတယ်(ဆက်လည်းတင်ပေးဦးမှာပါ)အဆုံးထိတင်ပေးသွားဖို့ရှိပါတယ်။ပြီးတော့ဒီလိုမျိုးတစ်အုပ်ထက်တင်ပေးဖို့ရှိပါတယ်။စာအုပ်နာမည်ကတော့ The Adventure of Tom Sawyer (တွမ်စောယား၏စွန့်စားခန်းများ)လို့ အဓိပ္ပါယ်ရပါတယ်။ဓာတ်နည်းရဲ့အနှစ်ချုပ်ကိုပြောရရင် တွမ်စောယားဆိုတဲ့ကောင်ကလေးက သူ့အဒေါ်အိမ်ကနေဆင်းပြေးတဲ့အကြောင်းပါ။အစကတော့ရူးကြောင်ကြောင်နိုင်လို့ ကျွန်တော်လည်းမကြိုက်ပါဘူး(တကယ်ပါ)။နောက်ပိုင်းဆက်ဖတ်မှ ကောင်းတာပါ။
အနှစ်ချုပ်-
တွမ်စောယားဆိုတဲ့ကောင်လေးက မိဘမရှိပါဘူး။ငယ်ငယ်ကတည်းက အဒေါ်နဲ့နေတာပါ။အဒေါ်ကလည်း သူကို့သိပ်ကြည့်မရပါဘူး။"ရောင်းသူဝယ်သူ အသံတူ"ဆိုတဲ့စကားအတိုင်း တွမ်ကလည်းသူ့ကိုကြည့်မရပါဘူး။အဲတာနဲ့အိမ်ပေါ်ကပြေးရင်း ဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းပါ။ဟိုကလည်းသူမရှိတော့ကျေနပ် နေတဲ့ပုံဖြစ်တာကြောင့် တွမ်ခဗျာပိုပြီးဆင်းပြေးချင်စိတ်ပေါက်ပါတယ်။ဆင်းပြေးရင်းတွေ့ကြုံရတဲ့ စွန့်စားခန်းတွေကိုဖတ်ရှုရမှာပါ။အဓိပ္ပါယ်ကတော့မရှိပေမယ့် Fantasy typeဖြစ်တာကြောင့်နောက်ပိုင်းဖတ်လို့ ကောင်းပါတယ်။ကျွန်တော်အပိုင်းနဲ့ခွဲပြီးတင်ပေးပါ့မယ်။ကြိုတင်မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော့်မှာတစ်ဖက်ကလည်းအလုပ်တွေပိနေပါတယ်၊ဒီကြားထဲစာအုပ်အနှစ်သာရကလည်း ရေးရဦးမှာဖြစ်သလို ဒီစာအုပ်တစ်အုပ်လုံးပါဖတ်ပြီးရေးရမှာမလို့ တစ်ရက်တစ်ပိုင်းမတင်ပေးနိုင်တာ တောင်းပန်ပါတယ်။အတတ်နိုင်ဆုံး အမြန်ဆုံး အမှန်ဆုံးနဲ့ အတိုဆုံးဖြစ်အောင်ရေးပေးပါမယ်လို့ ကျွန်တော်တို့ Project2Yအဖွဲ့မှ ရေးသားဖော်ပြလိုက်ရပါတယ်။
June 29, 2025 1.1K 1