𝗣𝗥𝗢𝗝𝗘𝗖𝗧 𝟐𝗬: post #245 — TG.ME

"နာကျင်မှုကိုမခံစားဖူးတဲ့သူက မင်းရဲ့နာကျင်မှုကိုမသိဘူး" "ဖိနပ်စီးတဲ့သူက ခြေဗလာနဲ့လျှောက်တဲ့‌သူတွေကိုမခံစားတတ်ဘူး" "ဥယျာဉ်ထဲမှာမွေးလာတဲ့သူတွေက ဆူးချုံပုတ်ထဲကလူတွေကိုနားမလည်ဘူး" ဘာပြောချင်တာလဲဆိုတော့...သူများကိုနားလည်အောင်အရမ်းကြီးမရှင်းပြပါနဲ့(တစ်ချို့အရာတွေ)။သူတို့ချီးကျူးပေးဖို့ လက်ခုပ်တီးပေးဖို့ကို သိပ်မမျှော်လင့်ပါနဲ့။ချီးမွမ်းခုနစ်ရက် ကဲ့ရဲ့ခုနစ်ရက်ပါ။ဟိုလူကပြောမှာစိုးလို့ဘာ‌ညာစိတ်ရောဂါဝင်မနေဘဲ လုပ်စရာရှိတာလုပ်ပါ။လူတွေကသင့်စိတ်ကူးထဲကလို သင့်ကိုလိုက်judgeလုပ်နေမှာမဟုတ်ပါဘူး။အကုန်လုံးကကိုယ့် ပြဿနာနဲ့ကိုယ်ပါ။ "ဘဝဆိုတာကားတစ်စီးမောင်းနေရသလိုပါဘဲ။ နောက်မှန်ကြီးလှည့်ကြည့်နေရင် ရှေ့ကကားကကိုယ့်ကိုတိုက်မှာပါ။ဘေးမှန်လည်းကြည့် အရှေ့ကိုလည်းကြည့်ရမှာပါ။ဒါပေမယ့်တစ်ခါတစ်လေ တစ်ချို့ကားတွေနဲ့ငြိမိတာမျိုးလည်းရှိပါတယ်။ဇွတ်ဝင်လာတာမျိုးပေါ့။အဲ့လိုမျိုးဖြစ်ရင် ။ဘရိတ် လို့‌တင်စာလို့ရတဲ့ဒေါသကို ဇွတ်နင်းလို့မရပါဘူး။ကိုယ်ကဘယ်လောက်ဘဲထိန်းထားထိန်းထား ဇွတ်ဝင်တဲ့ကားကသက်သက်ကိုရှိတာပါ။အဲတာကိုအခက်အခဲလို့ ခေါ်ပါတယ်။မခေါ်ဘဲနဲ့ဇွတ်ကြီးလာတိုက်တာမျိုး။ "အရာရာကိုရင်ဘတ်ကြီးနဲ့မခံစားပါနဲ့" ဒီတစ်ခုကိုတော့တကယ်ကြိုက်ပါတယ်။ဒါပေမယ့်သူဆိုလိုတာကပေါ့ပျက်ပျက်နေခိုင်းတာမဟုတ်ပါဘူး။တစ်ခုခုကိုစိတ်ထဲအရမ်းကြီးမထားနဲ့လို့ပြောတာပါ။အစွန်းမရောက်စေနဲ့ ဆိုတဲ့သဘောမျိုးပါ။ဥပမာ ကိုယ်ကတစ်ခုခုဖြစ်သွားတယ်၊တစ်ခုခုပေးဆပ်လိုက်ရတယ်၊ဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့ကြုံလိုက်ရရင် တောင်မှဘဲလုပ်စရာရှ်ိတာဆက်လုပ်ပါ။ "ဒီးလမ်းပိတ်နေရင် ဟိုလမ်းကသွားပါ" "ငါကဒီဟာမရလို့ ဒီလိုမဖြစ်လို့ဆိုပြီး တွေးနေမယ့်အစားနောက်တစ်မျိုးစဉ်းစားကြည့်ပါ။"လုပ်လို့ရမယ့်နည်းမရှိတော့ဘူး" ဆိုတာမရှိပါဘူး။တစ်နည်းနည်းတော့ရှ်ိပါတယ်။အခြေအနေအရ backup planချထားပါ။တစ်ခုရှိတာက ကိုယ့်ရဲ့လုပ်ငန်းတာဝန်ကိုတော့ အပြည့်အဝဆောင်ရွက်ပါ။အကယ်၍သင့်ရဲ့ Plan A‌ ကမအောင်မြင်ဘူးဆိုရင်လည်း အဂ်လိပ်အက္ခရာမှ 26လုံး ရှိတာကိုသတိရပါ။ Never give up by Tiffa စာအုပ်မှအနည်းငယ်ကူးယူဖော်ပြသည် ဖတ်ရှုလိုပါက @P2YCEO2

June 24, 2025 762 2