𝗣𝗥𝗢𝗝𝗘𝗖𝗧 𝟐𝗬: post #231 — TG.ME

🔰 လူတိုင်းအမြဲလိုလိုစိတ်အလိုကိုလိုက်တတ်ကြပါတယ်။"လုပ်သင့်"✅တာကိုမလုပ်ဘဲ "လုပ်ချင်"🍀 တာကိုလုပ်တတ်ကြသလိုမျိုးပေါ့။အဲတာမျိုးကို''ခံစားချက်''✨ လို့ခေါ်ပါတယ်။ ဟုတ်ပါတယ်ခံစားချက်ပါ။

🔰 ဒီခံစားချက်ဆိုတဲ့မကောင်းဆိုးဝါးကြီးဟာလူတွေကိုလုပ်သင့်တာမလုပ်ဘဲလမ်းလွဲစေတယ်လို့''ရှေးခေတ်အတွေးအခေါ်ပညာရှင်🧑‍🔬''ကအစ''အခုခေတ်အတွေးအခါ်ပညာရှင်👨‍🔬'' အထိလက်ခံကြပါတယ်။

🔰 ဒါပေမယ့် အဲလိယက်( Eliot )ဆိုသူတစ်ယောက်ဟာ( ဦးနှောက်🧠 )ခွဲစိတ်မှုလုပ်ရာမှအကျိတ်နဲ့အတူ( ခံစားချက်များ🍀 )ပဲ့ပါသွားပါတော့တယ်။(✨စကားအဖြစ်ပြောတာမဟုတ်ဘူးနော်၊တကယ်အတုံးလိုက်ပဲ့ပါသွားတာ)။

🔰 ဘယ်လိုမျိုးလဲဆိုတော့ဘောပင်အပြာသုံးရမလား အနီသုံးရမလားဆိုတဲ့သာမာန်ဆုံးဖြတ်ချက်အသေးအမွှားလေးကိုတောင်မှ နာရီနဲချီပြီးစဉ်းစားနေရတယ်⏰❓ ။📊 ရင်းနှီးမြုပ်နှံမယ့်သူဌေးနဲ့ချိန်ထားတာကိုစတာပလာမရှိလို့ဆိုပြီးသွားဝယ်တဲ့အပြင်သမီးဖြစ်သူရဲ့ပထမစန္ဒယားတီးပွဲဟာဘောပင်တစ်ချောင်းဝယ်တဲ့ခံစားချက်နဲ့သိပ်မကွာတော့ဘူး။

🔰 စတဲ့ပြဿနာများစွာဖြစ်ပြီးနောက်သူဟာဘဝပျက်သွားပြီး‌နောက်သူ့အကိုတစ်ယောက်ဟာ အန်တိုနီရို ဒါမက်ဆီရို(Antonio Demaseiro)ဆိုတဲ့''နာမည်ကြီးအာရုံကြောဆိုင်ရာသိပ္ပံပညာရှင်👨‍🔬''နဲ့သွားပြရာမှစဉ်းစား၍ဥာဏ်အားလုံးအကောင်းပကတိဖြစ်နေပြီးခံစားချက်များပျောက်ဆုံးနေသဖြင့်ယခုလိုဖြစ်ရကြောင်းရှင်းပြပါတယ်။ ယခင်ပြခဲ့တဲ့ဆရာဝန်တွေအားလုံးဟာစဉ်းစားဥာဏ်ကိုသာအဓိကစစ်ဆေးခဲ့တာကြောင့်ယခုလိုအဖြေမသိရခြင်းဖြစ်ပါတယ်လို့ရှင်းပြပါတယ်။

🔰 ဘာကြောင့်လဲ။❓ခံစားချက်လုံးဝမရှိတော့တဲ့အဲလိယက်ဟာသူ့ရဲ့စဉ်းစားညဏ်တွေကြောင့်ပိုကောင်းလာရမာမဟုတ်ဘူးလား။❔ဒါပေမယ့်ဘာလို့အခုလိုဘဝပျက်သွားရတာလဲ။⁉️ သူဟာ "ခံစားချက်" အရာမရှိတော့ဘူးလေ။ဒါပေမယ့်ဘာလို့လဲ။❔ခံစားချက်ဆိုတဲ့အရာဟာတကယ်ရောအကျိုးပြုရဲ့လား။❓ခံစားချက်ဆိုတဲ့အရာဟာတကယ်ရောလိုရဲ့လား။❔

🔰 စတဲ့ခံစားချက်နဲ့ပတ်သက်‌တဲ့အဖြေတွေအပြင်ခံစားချက်ရှိခြင်း/မရှိခြင်းနဲ့ဆိုင်တဲ့အ‌ကျိုးကျေးဇူးတွေ,ခံစားချက်ရဲ့အသုံးဝင်ပုံတွေကို "📚 A Book About Hope "🍀ဆိုတဲ့စာအုပ်ထဲမှာအကျယ်တဝံ့ရေးသားထားပါတယ်။ဒါ့အပြင်ကျွန်တော်တို့အားလုံးသိချင်နေတဲ့ ခံစားချက်ဟာတကယ်ရောအသုံးဝင်သလား။💁‍♂️🍀 ခံစားချက်မရှိရင်ဘာဖြစ်နိုင်သလဲ။ ခံစားချက်ဟာတကယ်‌ရောဆိုးကျိုးတစ်ခုဟုတ်ရဲ့လားဆိုတဲ့မေးခွန်းတွေအားလုံးကိုလည်းဒီစာအုပ်ထဲမှာဖြေကြားပေးထားပါတယ်။

Vip စုံစမ်းရန်နှင့်အသေးစိတ်သိရှိလိုပါက @P2YCEO2
April 2, 2025 517