■အတွေးအမြင်
"ပျောက်ကွယ်သွားတဲ့ မနက်စာနှင့်
ဘဲဥတခြမ်းကနေ မငတ်ရုံတမယ်ဘဝဆီ"
- အေးခိုင်ဦး ရေးသားသည်။
အသက် ၆၀ ဝန်းကျင်ရှိသူတွေ “ဘဲဥတခြမ်း” ဆိုတဲ့စကား ကြားလိုက်ရင် အတိတ်ကာလတစ်ခုကို ချက်ချင်းပြန်မြင်မိကြလိမ့်မှာပါ။
မဆလခေတ်ကစီးပွားရေးကျပ်တည်းမှုတွေကြားမှာ မိသားစုတော်တော်များများရဲ့ ထ
မင်းဝိုင်းမှာဘဲဥတစ်လုံးဟာလူတစ်ယောက်စာ မဟုတ်ခဲ့ပါဘူး။ ဘဲဥတစ်လုံးကို နှစ်ခြမ်းခွဲပြီး တစ်ယောက်တစ်ခြမ်း ဝေစားရတယ်။ အာလူးနဲ့ ရောချက်ရင်လည်းဘဲဥတခြမ်း၊ အာလူးတခြမ်းက တစ်ယောက်စာဟင်းဖြစ်ခဲ့တာပါ။
ပဲဟင်းတစ်အိုးရှိရင်တောင် “ဆမ်းတဲ့သူက မသောက်ရ၊ သောက်တဲ့သူက မဆမ်းရ” ဆိုတဲ့ ရယ်စရာလိုလို၊ဝမ်းနည်းစရာလိုလို စည်းမျဉ်း
မျိုးနဲ့ စားခဲ့ရတဲ့အိမ်တွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက“ဘဲဥတခြမ်း”ဟာနောက်ပိုင်းမှာလူတွေ ပြန်ပြောရယ်မောစရာ အမှတ်တရတစ်ခုလို ဖြစ်သွားခဲ့တယ်။
ဒါပေမယ့် အခုချိန်မှာ အဲဒီဘဲဥတခြမ်းကို ပြန်စဉ်းစားကြည့်ရင် ရယ်စရာမဟုတ်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ အခု မြန်မာပြည်မှာ ဘဲဥကို တခြမ်းပဲစားရတာ မဟုတ်တော့ပဲ မနက်စာကိုစားဖို့တောင်ခက်လာနေတဲ့ မိ
သားစုတွေ ရှိလာနေပါပြီ ။ ဘဲဥတခြမ်းဟာ အတိတ်မဟုတ်တော့ပါဘူး။
နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးအခြေအနေကို GDP၊ ငွေလဲနှုန်း၊ ငွေကြေးဖောင်းပွမှုနှုန်း၊ ကုန်သွယ်ရေးလို ကိန်းဂဏန်းတွေနဲ့ တိုင်းတာလို့ရပါတယ်။ ဒါပေမယ့် သာမန်လူတစ်ယောက်အတွက်တော့ နိုင်ငံ့စီးပွားရေးဆိုတာ အဲဒီကိန်းဂဏန်းတွေမဟုတ်ပါဘူး။ မနက်အိပ်ရာထတဲ့အခါကလေးကိုဘာကျွေးရမလဲ။ ဟင်းချက်တဲ့အခါ ဆီကို ဘယ်လောက်လျှော့သုံးရမလဲ။ဒီနေ့ အတွက် ဆန်ဘယ်လောက်ကျန်သေးလဲဆိုတာက ပိုအရေးကြီးတာပါ။
ကြက်ဥ၊ဘဲဥ၊အသား၊ငါးတွေကအရင်က
တည်းက မကြာခဏ မစားနိုင်တဲ့ အစားအစာတွေ ဖြစ်ခဲ့တာထဲကနေ အခုတော့ အခြေခံစားသောက်ကုန်တချို့တောင် မိသားစုဘတ်
ဂျက်နဲ့ မကိုက်တော့တဲ့ အခြေအနေတွေ ပိုများလာပါပြီ။“ဘဲဥတခြမ်း” ဟာအတိတ်က အမှတ်တရတစ်ခုဖြစ်ရုံ မဟုတ်တော့ဘဲဆင်း
ရဲမွဲတေမှုဘယ်လောက်အထိနက်ရှိုင်းလာနိုင်သလဲဆိုတာမြင်သာစေတဲ့အရာဖြစ်လာပါပြီ။
မြန်မာနိုင်ငံမှာစစ်ဘေးရှောင်နေရသူတွေဘယ်လောက်ဒုက္ခရောက်နေကြတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ အိမ်ဆုံးရှုံးရတယ်။ ရွာဆုံးရှုံးရတယ်။ အလုပ်ဆုံးရှုံးရတယ်။ ပညာရေးဆုံးရှုံးရတယ်။ အသက်မွေးဝမ်း
ကျောင်းဆုံးရှုံးရတယ်။ အသက်ဆုံးရှုံးရတယ်။ ဒါပေမယ့် စစ်ဘေးမရှောင်ရတဲ့ သူတွေလည်း အားလုံးအဆင်ပြေနေကြတာ မဟုတ်ပါဘူး။ မြို့ပေါ်က အိမ်တစ်အိမ်မှာ မီးဖိုချောင်ထဲက အိုးထဲမှာ ထည့်စရာမရှိတော့ရင် အဲဒီအိမ်ဟာ စစ်ဘေးမရှောင်ရပေမယ့် စီးပွားရေးစစ်ပွဲထဲမှာ ရောက်နေပြီးသားပါ။
မိသားစုတစ်စုရဲ့ ဝင်ငွေက မတိုးဘဲ ကုန်ဈေး
နှုန်းတွေက တက်နေတဲ့အခါ အဲဒီမိသားစုဟာ တဖြည်းဖြည်းနဲ့ စားသုံးမှုကို လျှော့ရတော့မှာပါ။ အရင်က အသားလျှော့စားတယ်။ နောက်တော့ ငါးလျှော့၊ ပြီးတော့ကြက်ဥ၊ဘဲဥလျှော့။ ဟင်းရွက်ကိုပဲ ပိုစားမယ်။ ဟင်းသီးဟင်းရွက်ပါ လုံလောက်အောင်ဝယ်နိုင်ဖို့ခက်လာတဲ့အခါ၊ နောက်ဆုံးမှာဟင်းကိုလျှော့ပြီး ထမင်း
နဲ့ ဆားနဲ့ပဲ စားရတဲ့အခြေအနေကို ရောက်လာနိုင်ပါတယ်။ အဲဒီနောက်မှာတော့ မနက်စာကို ပျောက်တာ ဖြစ်လာနေပါပြီ။
အစာလျှော့စားခြင်းဟာ ဆင်းရဲမှုရဲ့ပထမဆုံးမြင်သာတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ “မနက်စာ ပျောက်သွားခြင်း”ဟာလူမှုရေးပြ
ဿနာတစ်ခု။မနက်စာ မစားနိုင်တာကို “ဒီနေ့ မစားဘူး” လို့တစ်ဦးချင်းအနေနဲ့ဆိုရင် ပြဿ
နာမဟုတ်ပေမယ့် လူအများကြီးအတွက် နေ့
စဉ်ဖြစ်လာပြီဆိုရင်တော့ ဒါဟာ လူမှုရေးပြဿနာတစ်ခု ဖြစ်လာတာပါပဲ။
မနက်စာမစားဘဲ အလုပ်သွားရတဲ့ အလုပ်သ
မားတစ်ယောက်ရဲ့အလုပ်လုပ်နိုင်စွမ်း၊ မနက်
စာမစားဘဲ ကျောင်းသွားရတဲ့ ကလေးတစ်ယောက်ရဲ့စာသင်နိုင်စွမ်း။တစ်နေ့ထက်တစ်
နေ့ အာဟာရ မလုံလောက်တဲ့ ကလေးတွေရဲ့ ကိုယ်ခန္ဓာနဲ့ ဦးနှောက်ဖွံ့ဖြိုးမှု။ ဒါတွေဟာ မိ
သားစုတစ်စုရဲ့ မီးဖိုချောင်ကို ကျော်လွန်ပြီး အခုချိန်အတွက်သာမက နိုင်ငံရဲ့ အနာဂတ်ဆီထိ ရောက်သွားတာပါ။
ဒီနေ့ မနက်စာမစားနိုင်တဲ့ကလေးဟာ မနက်
ဖြန်ရဲ့ အလုပ်သမား၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ လယ်သမား၊ ဆရာ၊ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာမယ့်ကလေးပါ။ ဒါကြောင့် မနက်စာပျောက်သွားခြင်းဟာ အစားအသောက်ပြ
ဿနာတစ်ခုတည်း မဟုတ်ပါဘူး။ ဒါဟာ လူ့စွမ်းအားအရင်းအမြစ် ပြဿနာပါ။ ဒါဟာ ပညာရေးပြဿနာပါ။ ဒါဟာ ကျန်းမာရေးပြဿနာပါ။ ဒါဟာ ဆင်းရဲမွဲတေမှု ပြဿနာပါ။ နောက်ဆုံးမှာ နိုင်ငံရဲ့ အနာဂတ်ပြဿနာပါ။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ စစ်မှုထမ်းဥပဒေ၊ လုံခြုံရေးမတည်ငြိမ်မှု၊ စီးပွားရေး ကျဆင်းမှု၊ အလုပ်အကိုင်အခက်
အခဲ၊ ကုန်သွယ်ရေးနဲ့ ထုတ်လုပ်မှုအခက်အခဲတွေဟာ သာမန်ပြည်သူတွေရဲ့ နေ့စဉ်ဘဝနဲ့ တိုက်ရိုက်ချိတ်ဆက်နေပါတယ်။ စစ်မြေပြင်မဟုတ်တဲ့ နေရာမှာလည်း မိသားစုတွေရဲ့ စားဝတ်နေရေးဟာ တဖြည်းဖြည်း ပြိုလဲနေပါပြီ။
ဆင်းရဲခြင်းဟာ လူတစ်ယောက်တည်းရဲ့ အ
ပြစ်လို့ပဲမှတ်ယူလို့မရပါဘူး။ “အလုပ်ကြိုး
16
5
1August 25, 2026 1.5K 3