People's Spring: post #111614 — TG.ME

မန္တလေးမြို့၊ မဟာအောင်မြေကျောက်ဝိုင်းက ကုန်သည်တစ်ဦးဆီကနေ လုယက်မှုကျူးလွန်သူတွေဟာ သင်္ကန်းဝတ်ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူစောထီးအဖွဲ့ဖြစ်နေကြောင်း မြို့ခံတွေက ပြောပါတယ်။ ဩဂုတ် ၁၈ရက် မနက်၁၀နာရီခွဲခန့်က မန္တလေးမြို့၊ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း( ကျောက်ဝိုင်း)မှာ အရောင်းအဝယ်လုပ်နေတဲ့ ကျောက်ကုန်သည် ကိုထက်‌အောင်ဆိုသူကို အမျိုးသား၂ဦးက ပြည်သူ့စစ်တံဆိပ်ပါတဲ့ လက်မှတ်ကိုထုတ်ပြကာ စစ်ဆေးစရာရှိလို့ဆိုပြီး ကျောက်ဝိုင်းအပြင်ဘက်ကို ခေါ်ထုတ်သွားခဲ့ပါတယ်။ အဲဒီနောက် ကိုထက်အောင်ဆီကနေ ကျောက်စိမ်းအချောထည်၂ပွင့်၊ကျောက်စိမ်းဆွဲကြိုး၂ကုံး၊ ချွမ်အမျိုးအစား လည်ဆွဲ၁ကုံး၊ ချွမ်အမျိုးအစား လက်စွပ်၂ကွင်း၊ကျောက်စိမ်းနားကပ်၁စုံ စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၅၀၀ တန်ဖိုးရှိတဲ့ ကျောက်စိမ်းလက်ဝတ်ရတနာတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။ အဲဒီလုယက်သူတွေထဲက ခိုင်းတဲ့သူနှစ်ဦးကို အဲဒီ‌နေ့ညနေမှာပဲ ဖမ်းမိခဲ့ပြီး ကိုယ်တိုင်ကျူးလွန်သူ ၂ဦးကိုတော့ စစ်ကိုင်းမြို့မှာ ဖမ်းမိခဲ့တာလို့ စစ်အုပ်စုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
❤8👍5🔥1🖕1