စစ်ကိုင်းတိုင်းက ရေဘေးသင့်ကျေးရွာတွေမှာ ပျက်စီးသွားတဲ့လမ်းတံတားတွေကို ပြန်ပြင်ဖို့ ကုန်ကျစရိတ်မတတ်နိုင်တော့လို့ ဒေသခံတွေ သွားလာရေးအခက်အခဲတွေ့နေပါတယ်။ သြဂုတ်လဆန်းပိုင်းကတည်းက ရေကြီးရေလျှံခဲ့တဲ့ စစ်ဘေးသင့်ဒေသ ဖြစ်တဲ့ စစ်ကိုင်းတိုင်းက ရွှေဘို၊ ရေဦး၊ ခင်ဦး၊ တန့်ဆည်၊ ကန့်ဘလူ၊ အရာတော်၊ ဝက်လက်၊ ဒီပဲယင်း အစရှိတဲ့ မြို့နယ်တွေက ရေဘေးသင့်ဒေသတွေမှာ လက်ရှိ ရေပြန်ကျသွားပေမယ့် ရွာချင်းဆက်လမ်းတွေ၊ တာပေါင်လမ်းတွေနဲ့ ချောင်းကူးမြောင်းကူးတံတားတွေပါ ပျက်စီးသွားခဲ့ပြီး ပြုပြင်နိုင်ခြင်း မရှိသေးတာကြောင့် သွားလာရေးအခက်အခဲတွေ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ လက်ရှိ ဝက်လက်နယ်ထဲမှာတင် ရေဘေးသင့်ကျေးရွာ ၂၅ရွာက လမ်းတွေ ရေတိုက်စားလို့ ပျက်စီးသွားခဲ့ပြီး ကုန်ကျစရိတ်မတတ်နိုင်သေးလို့ မပြင်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
◾️ရေဖြူမှာ တရုတ်ကုမ္ပဏီက သတ္တုတူးဖော်ရေးအကြောင်းပြ ကျားဖြန့်လုပ်ငန်းလုပ်ဖို့ စီစဉ်နေ
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမှာ တရုတ်ကုမ္ပဏီက သတ္တုတူးဖော်ရေးကို အကြောင်းပြပြီး ကျားဖြန့်လုပ်ငန်းလုပ်ကိုင်ဖို့ စီစဉ်နေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ဒီနေ့ ထုတ်ပြန်ပါတယ်။ Delco ကုမ္ပဏီက တရုတ်နိုင်ငံသားရာနဲ့ချီခေါ်လာပြီး အာဏာသိမ်းစစ်တပ်နဲ့ ပူးပေါင်းကာ နောက်ထပ်အကြီးစား သတ္တုလုပ်ငန်း လုပ်ကိုင်ဖို့အတွက် ကံပေါက်ကျေးရွာတောင်ပေါ်မှာ အဆောက်အဦးတွေ ဆောက်လုပ်နေတာ ၃လ၀န်းကျင်ရှိပြီလို့ ဆိုပါတယ်။ အခုချိန်မှာ သတ္တုတူးဖော်ရေးကို အကြောင်းပြပြီး တရုတ်နိုင်ငံသားတွေနဲ့ ကျားဖြန့်လုပ်ငန်းရှင်တွေ ပါဝင်ပြီး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ စီစဉ်နေတာကို သတင်းရရှိထားတယ်လို့ အသိပေးပါတယ်။
◾️တနင်္သာရီမြို့နယ်မှာ စစ်တပ် ပစ်ခတ်လို့ ပြည်သူ ၁ဦး ဒဏ်ရာရ
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။ ဩဂုတ် ၂၂ရက် ညပိုင်းက တနင်္သာရီမြို့နယ် ကျွဲထိန်းကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၆၆)နှစ်အရွယ် အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တာလို့ ဖော်ပြပါတယ်။ ပစ်ခတ်မှုကို စစ်တပ်ရဲ့ ခမရ(၅၆၁) တပ်ရင်းက တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ဟာ ဩဂုတ် ၁၇ရက်ကလည်း တနင်္သာရီမြို့နယ် သဲဖြူရွာချောင်းဖျား(မဲ့ဝါးခီး) ဒေသက စစ်ရှောင်နေထိုင်ရာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်တပ်ဟာ တနင်္သာရီတိုင်း ဘုတ်ပြင်းမြို့နယ်မှာလည်း တိုက်ပွဲမရှိဘဲ ပြည်သူ့နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကော့သောင်းခရိုင် အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။
◾️မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ နေ့စဥ် လူငယ်တွေ ပေါ်တာဆွဲခံနေရပြီး တစ်ပတ်တစ်ကြိမ် တပ်မ(၃၃)ဆီ ပို့ဆောင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်က မုံရွာမြို့ပေါ်မှာ နေ့စဥ် အိမ်စီးကားတွေနဲ့ လှည့်လည်ပြီး ပေါ်တာဆွဲလေ့ရှိရာ တစ်ရက်ကို လူငယ်တွေ ၃၀ ကျော် ပေါ်တာဆွဲခံနေရကြောင်း၊ ပေါ်တာဆွဲခံရတဲ့ အမျိုးသားတွေကို တစ်ပတ်တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အသုံးပြုတဲ့ ကားကြီး ၈ စီးနဲ့ စစ်ကိုင်းမြို့ရှိ တပ်မ (၃၃)ဆီ ပို့ဆောင်နေကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အရင်က ညနေ ၅ နာရီနောက်ပိုင်း ပေါ်တာဆွဲလေ့ရှိပြီး စက်ရုံအလုပ်ရုံတွေဟာ အလုပ်သမားတွေ ပေါ်တာအဆွဲမခံရဖို့ စောဆင်းပေးခဲ့တာကြောင့် လက်ရှိမှာ နေ့လယ် ၂ နာရီခွဲကျော်ကတည်းက ပေါ်တာဆွဲနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေရှိတဲ့ နေအိမ်တွေကို စစ်မှုထမ်းဖို့ အသိပေးစာတွေ ပေးပို့မှာဖြစ်ပြီး စာရရှိပြီးတဲ့နောက် လာရောက်ခြင်းမရှိပါက နေအိမ်အထိ လာရောက်ခေါ်ဆောင်မယ်ဆိုတဲ့သတင်းတွေလည်း ပျံ့နေတယ်လို့ မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။
◾️စစ်တပ်စခန်းတွေကို FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ဆို
စစ်တပ်ရဲ့အခြေစိုက်စခန်းတွေကို FPV အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ အမှတ်(၉၉၂၅) တပ်ရင်း Rangoon Warriors PDF တာ၀န်ရှိသူက ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုတွေက အမှတ် (၃၇)နည်းဗျူဟာ အထူးတိုင်းစစ်ဌာနရဲ့ စစ်ဆင်ရေးတွေမှာ အသုံးပြု တိုက်ပွဲဝင်ခဲ့တာလို့ ဆိုပါတယ်။ ဘယ်အချိန် ဘယ်နေရာတွေ ဘယ်လို တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ အသေးစိတ်ထုတ်ပြောဖို့ မရှိသေးဘဲ အကောင်းဆုံး ကြိုးစားတိုက်ပွဲဝင်နေဆဲ ဆိုတာကို သိစေချင်တယ်လို့ အသေခံဒရုန်းနဲ့တိုက်ခိုက်မှုတွေအကြောင်း သူက ရှင်းပြပါတယ်။ ဒါ့အပြင် စစ်တပ်ဂျန်ဘာတွေကို ကျော်နိုင်တာက နည်းပညာပိုင်းဖြစ်တယ်လို့ အမှတ် (၉၉၂၅) တပ်ရင်း Rangoon Warriors PDF တာ၀န်ရှိသူက ပြောပါတယ်။
◾️မန္တလေးကျောက်ဝိုင်း လုယက်မှုကျူးလွန်သူတွေ ပေါက်ကိုယ်တော်ရဲ့တပည့်ဦးဆောင်တဲ့ ပျူတွေဖြစ်နေ
7
2
1August 24, 2026 661