လွန်ခဲ့တဲ့ နှစ်အနည်းငယ်က... အတန်းထဲမှာ မေးခွန်းမေးတိုင်း စားပွဲအောက်မှာ လက်သည်းဆိတ်ရင်း ခေါင်းငုံ့ထားခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက် ရှိတယ်။
စိတ်ထဲမှာ အဖြေရှိပေမဲ့ "Grammar မှားရင် ဘယ်လိုလုပ်မလဲ"၊ "သူများတွေ လှောင်မလား" ဆိုတဲ့ စိုးရိမ်စိတ်က သူ့ပါးစပ်ကို သော့ခတ်ထားခဲ့တာပါ။
အမှားဆိုတာ ကိုယ် ကြိုးစားနေတယ်ဆိုတာရဲ့ သက်သေပါပဲ။ Perfect ဖြစ်မယ့်အချိန်ကိုပဲ စောင့်နေရင် စကားပြောနဲ့ ပိုဝေးသွားပါလိမ့်မယ်။
ဒီတော့ စကားပြောရမှာ ကြောက်တဲ့စိတ်ကို ဘယ်လို ကျော်ဖြတ်ကြမလဲ?
✅ Grammar အဓိကမဟုတ်ပါ နည်းနည်းမှားရုံနဲ့ ပြောချင်တဲ့ သတင်းအချက်အလက် ပျောက်မသွားပါဘူး။
✅ အမှားကို မကြောက်ပါနဲ့။ Native Speaker တွေတောင် စကားပြောရင် မှားတတ်ပါတယ်။
✅ တစ်ယောက်တည်း လေ့ကျင့်ပါ။ လူရှေ့မှာ ပြောဖို့ ရှက်ရင် ကိုယ့်အကြောင်းကိုယ် တစ်ယောက်တည်း အင်္ဂလိပ်လို ရေရွတ်ကြည့်ပါ။
ကျွမ်းကျင်လာမှ စပြောမှာလား? စပြောရင်းနဲ့ပဲ ကျွမ်းကျင်အောင် လုပ်မှာလား?ရွေးချယ်မှုက ကိုယ့်လက်ထဲမှာပါပဲ။
P.S. အင်္ဂလိပ်စကားပြောမှာ ကြောက်စိတ်ကို ဖျောက်ပြီး ယုံကြည်မှုရှိရှိ လေ့ကျင့်ချင်ရင်တော့ Pace Forward ရဲ့ English Speaking အတန်းမှာ တီချယ်နဲ့ လွတ်လပ်စွာ လေ့ကျင့်နိုင်ပါတယ်

3August 17, 2026 499