အကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်ချုပ်လိုက်ပါလာမည်ဟု သတင်းရသော… — တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ် - ၃၅၀၁ — TG.ME

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်ချုပ်လိုက်ပါလာမည်ဟု သတင်းရသော ယာဉ်တန်းကို တိုက်ခိုက်ရာ ထိခိုက်ပျက်စီးမှုများရှိ

ဇူလိုင် ၇ ၊ ၂၀၂၃

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ထောက်ချုပ်လိုက်ပါလာမည်ဟု သတင်းရသော ယာဉ်တန်း(၁၀)စီးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ငူခရိုင် တပ်ရင်း ၃၅၀၁ ၏ အထူးတပ်ဖွဲ့က ဇူလိုင်လ(၇)ရက်နေ့ နံနက်(၉:၁၅)နာရီခန့်တွင် အမြန်လမ်း မိုင်တိုင် ၁၉၆ မိုင်၊ ၄ ဖာလုံ၌ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

အဆိုပါ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုကြောင့် အကြမ်း ဖက်စစ်ကောင်စီ၏ စစ်ထောက်ချုပ်လိုက်ပါလာမည်ဟု သတင်းရရှိသော ယာဉ်တန်းမှ ယာဉ်(၂)စီးမှာ လုံးဝပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိသည်ဟု ဒေသခံသတင်းရင်းမြစ်များ၏ ပြောကြားချက်များအရ သိရသည်။ တိုက်ခိုက်မှုဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ်များ ရောက်ရှိလာခဲ့ပြီး ထိခိုက်သေ ဆုံးမှုဖြစ်စဉ်၏ နောက်ဆက်တွဲ အမည်၊ ရာထူးအဆင့်တို့ကို ဆက်လက်အတည်ပြုလျက်ရှိသည်။

ဇူလိုင်လ(၁)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသကွပ်ကဲရေးရုံးက ပဲခူးတိုင်းအတွင်းရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမ၊ ပဲခူး-စစ်တောင်းလမ်းပိုင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ရန်ကုန်-မုတ္တမ၊ ရန်ကုန်-ဘားအံ့ လမ်းပိုင်းများအား နေ့စဉ် ည(၆)နာရီမှ နံနက်(၆)နာရီအတွင်း သွားလာခြင်းမပြုရန်၊ သတ်မှတ်ချိန်အတွင်း သွားလာရာတွင် မော်တော်ယာဉ်များအား မှန်ချ၍ မောင်းနှင်ရန်နှင့် တာဝန်အရစစ်ဆေးခြင်းအား ကြည်ဖြူစွာလက်ခံရန် သတိပေးထုတ်ပြန်ထားသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သတိပေးထုတ်ပြန်ချက်များကို တိကျစွာ လိုက်နာပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းများနှင့် အနီးကပ်သွားလာခြင်းမျိုး လုံးဝ(လုံးဝ) မပြုလုပ်ဘဲ ဝေးဝေးနေထိုင်သွားလာကြရန် ထပ်မံ သတိပေးထုတ်ပြန်လိုက်သည်။

#ပဲခူးတိုင်းစစ်ဒေသခွဲ
#တောင်ငူခရိုင်_၃၅၀၁
#အထူးတပ်ဖွဲ့
👍34❤22😍2
July 7, 2023 20.3K 4