ရေတာရှည်မြို့နယ်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို မိုင်းဆွဲ၍ ချေမှုန်းတိုက်ခိုက်ရာ (၁၀)ဦးထက်မနည်း သေဆုံး
ဇူလိုင် ၄ ၊ ၂၀၂၃
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ စည်ပိုင်းကျေးရွာအုပ်စု၊ အိုးမြေတူးကျေးရွာမှ စစ်ကြောင်းထိုးလာသော အင်အား(၅၀)ဦးခန့်ပါ အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းကို အိုးမြေတူးကျေးရွာနှင့် ရှမ်းစုကျေးရွာကြား နှမ်းခင်းအရောက်၌ ဇူလိုင်လ(၃)ရက်နေ့ ညနေ(၂:၃၀)နာရီခန့်တွင် ရေတာရှည်မြို့နယ်ပကဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၄ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့၏ ချေမှုန်းရေးတပ်စိတ်က ထိရောက်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သည်။
အဆိုပါတိုက်ပွဲသည် မိနစ်(၃၀)ခန့် ကြာမြှင့်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ (၁၀)ဦးထက်မနည်း သေဆုံးခဲ့သည်။ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအားလုံးမှာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။
#ပဲခူးတိုင်းစစ်ဒေသခွဲ
#ရေတာရှည်ပကဖ
#ရင်း_၃၅၀၁_ခွဲ_၄
#ပူပေါင်းတပ်ဖွဲ့
26
10
1July 4, 2023 15K 2