အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူအခြေစိုက် အမှတ်(၁၀၁၅)… — တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အမှတ် - ၃၅၀၁ — TG.ME

အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူအခြေစိုက် အမှတ်(၁၀၁၅) လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဒုဗိုလ်မှူးကြီးရဲနိုင်ကို ပစ်ခတ်ရှင်းလင်းပြီး ဖုန်းနှင့်ဆိုင်ကယ် သိမ်းဆည်းရရှိ

ဇွန် ၁ ၊ ၂၀၂၃

ပဲခူးတိုင်း၊ တောင်ငူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၁၀၁၅) လေကြောင်းရန် ကာကွယ်ရေးတပ်မှ ဒုတိယဗိုလ်မှူးကြီးရဲနိုင်ကို မေလ (၃၁)ရက်နေ့၊ ညနေ(၅:၃၀)နာရီခန့်တွင် အမြန်လမ်း ၁၅၄ မိုင်၊ ၈ ဖာလုံ၌ တောင်ငူခရိုင် PDF တပ်ရင်း ၃၅၀၁၊ တပ်ခွဲ ၆ (ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ပစ်ခတ်ရှင်းလင်းခဲ့ပြီး ၎င်း၏ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ အမှတ်(၁၀၁၅) တောင်ငူအခြေစိုက် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ထောက်လှမ်းရေးမှူး ဒုဗိုလ်မှူးကြီးရဲနိုင်သည် တော်လှန် ရေးတပ်ဖွဲ့များ၏ သတင်းကို စုံစမ်းထောက်လှမ်း၍ အရပ်ဝတ်ဖြင့် သွားလာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါပစ်ခတ်မှုကြောင့် အကြမ်းဖက်စစ်ကောင်၏ ဒုဗိုလ်မှူးကြီးရဲနိုင်မှာ ‌ေ-သဆုံးသွားခဲ့ပြီး ၎င်း၏ဖုန်းနှင့် ဆိုင်ကယ်ကိုပါ သိမ်းဆည်းရရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ဘေးအန္တရာယ်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။

စစ်ဆင်ရေး မှတ်တမ်းရုပ်သံ၊ ဓာတ်ပုံများအား အောက်ဖော်ပြပါ 👇👇 Telegram Channel https://t.me/bagopdf တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

#ပဲခူးတိုင်းစစ်ဒေသခွဲ
#ရင်း_၃၅၀၁_ခွဲ_၆
#ရေတာရှည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
#တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းအမှတ် ၃၅၀၁

ဓာတ်ပုံ- သိမ်းဆည်းရရှိသော ဖုန်းနှင့်ဆိုင်ကယ်
👍14❤10😍3
June 1, 2023 18.2K 1