East of Eden (2008)
ကိုယ်တွေဦးရဲ့ East Of Eden (အတုံ့အလှည့်)ဇာတ်ကားကို CM က Fhd version နဲ့ ဘာသာပြန်ပေးထားလို့ ပြန်တင်ပေးလိုက်ပါတယ်။
ဒီဇာတ်ကားဟာ ဆုပေါင်း ၂၀ ဆု ရရှိခဲ့ပြီး ဆန်ခါတင် ၇ ဆု ဝင်ခဲ့တဲ့ ပြောင်မြောင်လှတဲ့ ဇာတ်ကားဖြစ်ပြီးတော့
Jo Min gi, Park Hae jin, Yeon Jung-hoon, Lee Yoon-hee နဲ့ Lee Da hae, Kim Bum နဲ့ အခြားသော နာမည်ကြီး ဝါရင့် သရုပ်ဆောင်များစွာလည်း ပါဝင်ပါတယ်...
ဇာတ်လမ်းအကျဥ်း..;
ရှင်းထယ်ဟွမ် (Jo Mingi )က ကျောက်မီးသွေးတွင်းရဲ့ ကြီးကြပ်ရေးမှူးဖြစ်ပြီး လုပ်ငန်းတစ်ခုလုံးကို အပိုင်စီးနိုင်ဖို့ ကြိုးပမ်းနေသူပါ...
အီဒုံချော ( Song Seung-heon)ကတော့ ငယ်စဥ်ကတည်းက ဖခင်ဖြစ်သူကို လေးစားရိုသေပြီး ဖခင်ရဲ့ ဆိုဆုံးမမှုတွေနဲ့ နားယဥ်ခဲ့ရသူပါ...
အီဒုံချောရဲ့အဖေက ထယ်ဆောင်းကျောက်မီးသွေးတွင်းရဲ့ အလုပ်သမားခေါင်းဆောင်ဖြစ်ပြီး အလုပ်သမားတွေကို ကာကွယ်ရင်းနဲ့ ရှင်းထယ်ဟွမ်ရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်...
အဲဒီအချိန်မှာပဲ အီဒုံချောရဲ့ အမေက ညီလေးဖြစ်သူရဲ့ ကိုယ်ဝန်လွယ်ထားရသလို ရှင်းထယ်ဟွမ်ရဲ့ ဇနီးသည်ကလည်း ကိုယ်ဝန်လွယ်ထားရပြီး သူတို့နှစ်ဦး ဆေးရုံတစ်ခုတည်းမှာ တစ်နေ့တည်း မွေးဖွားရဖို့အကြောင်းဖန်လာပါတော့တယ်...
ဒါပေမဲ့ သူတို့ မသိလိုက်တာကတော့ ရှင်းထယ်ဟွမ်အပေါ်မှာ အငြိုးအတေးရှိနေတဲ့ သူနာပြုက မွေးကင်းစကလေးလေးနှစ်ယောက်ကို နေရာချင်းလဲလိုက်တယ်ဆိုတာပါပဲ..
အဖေဖြစ်သူက ရှင်းထယ်ဟွမ်ကြောင့် သေဆုံးသွားခဲ့တာကိုသိပြီး လက်စားချေဖို့ စိတ်ဆုံးဖြတ်ထားတဲ့ အီဒုံချောတစ်ယောက် သူချစ်မြတ်နိုးစွာနဲ့ ကာကွယ်ပေးနေခဲ့တဲ့ ညီဖြစ်သူက ရှင်းထယ်ဟွမ်ရဲ့ သွေးသားဆိုတာကို သိသွားမှာလား
အလဲလှယ်ခံလိုက်ရတဲ့ ကလေးလေးနှစ်ယောက်ရဲ့ ကံကြမ္မာကလည်း ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို .. စလယ်ဆုံး ပျင်းစရာ တစ်ကွက်မှမပါဘဲ ရသမျိုးစုံခံစားရမယ့် ဒီဇာတ်လမ်းတွဲလေးထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်နော် .. 😻
Channel link 🔗
https://t.me/OurBelovedSSHDrama
Drama link 🔗
https://t.me/OurBelovedSSHDrama/681
#EastOfEden #အတုံ့အလှည့်
#OurBelovedU_SongSeungHeon_Myanmar