ပညာရေးကဏ္ဍသစ်အဖြစ် ဖွင့်လှစ်လိုက်သည့်ကျောင်းများတွင် စိတ်ပါဝင်စားစွာ တက်ရောက်လိုသူများကို အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ပြောကြား
=============================
ပညာရေးကဏ္ဍသစ်အဖြစ် ဖွင့်လှစ်လိုက်သည့်ကျောင်းများတွင် တပ်မတော်သားမိသားစုဝင်များ၊ တပ်မတော်သားအငြိမ်းစားများ၏ မိသားစုဝင်များအပြင် တပ်မတော်နှင့် တပ်မတော်၏ ပညာရည်မြင့်မားရေးဖော်ဆောင်မှုအပေါ် စိတ်ပါဝင်စားစွာ တက်ရောက်လိုသူများကို ဖွင့်လှစ်သင်ကြားပေးနေပြီဖြစ်သကဲ့သို့ တက်ရောက်လိုသူများကိုလည်း အမြဲတမ်းကြိုဆိုလျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က စက်တင်ဘာလ ၂ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်သည့် ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲတို့၌ ထူးချွန်စွာအောင်မြင်ခဲ့သည့် တပ်မတော်(ကြည်း၊ ရေ၊ လေ)မှ စစ်သည်များ၊ စစ်မှုထမ်းဆဲ၊ စစ်မှုထမ်းဟောင်း မိသားစုဝင်သားသမီးများ၊ စစ်သည်အစားခန့်အရပ်သားဝန်ထမ်းများ၏ သားသမီးများ၊ အခြေခံပညာလူရည်ချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။





















