Blackbeard နဲ့ ပတ်သက်တဲ့ Theory တွေထဲ သဘောအကျဆုံးအရာတစ်ခုက Devil Fruit နှစ်ခုသုံးပြီး ပေါက်ကွဲမသေရခြင်းဟာ သူ့ရဲ့ လက်စွပ်ထဲ ပြောင်းထည့်ထားလို့ဆိုတာပဲ။ ဒီအပေါ်မှာ လူတွေကတော့ အဲ့လိုထည့်လို့ရတာ Blackbeard ကိုက ထူးခြားနေလို့ဆိုပြီး ပြောကြသလို၊ Vegapunk ရဲ့ နည်းပညာကို Warlord အဖြစ်နဲ့ ယူနိုင်ခဲ့လို့ဆိုပြီးလည်း ပြောကြတယ်။
ဘယ်လိုပဲဖြစ်ပါစေ Blackbeard ရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ကို နားမလည်သေးသရွေ့တော့ ဒါကဘာမှ ဖြေရှင်းပေးမသွားတဲ့အပြင် Vegapunk ရဲ့ သက်မဲ့တွေကို Devil Fruit ကျွေးခြင်း အလုပ်ဖြစ်ရတာကလည်း Will ရှိတဲ့ Zoan Type တွေကြောင့်မို့လို့ Paramecia အတွက် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ ဒီလောက် Flaw နေတာကို ဘာကြောင့်သဘောကျလဲ မေးရင်တော့ Yami Yami no mi ရဲ့ စုပ်ယူစွမ်းအားကြောင့်ပဲ ဖြေရမယ်။
ဒါနဲ့ Blackbeard ကို Soul တစ်ခုထက်ပိုရှိတယ်ဆိုတဲ့ Theory ကို ပေါင်းစပ်ကြည့်ရင် စုပ်ယူစွမ်းအားနဲ့ လက်စွပ်ထဲ အစွမ်းထည့်ပေးပြီး သူ့ရဲ့အခြား Soul တွေက ထိန်းချုပ်နေတာဆို တော်တော်မိုက်မှာမို့ဗျ။ သက်သေအထောက်အထားထက် Idea က လန်ထွက်နေလို့ ကြိုက်တာပဲပြောရမယ်။#KyayKuuSitt
#NexusRealm

