Seraphim တွေအနေနဲ့ Egghead Arc အစမှာကတည်းက Shichibukai ရာထူးနဲ့… — One Piece Nexus 2.0 — TG.ME

Forwarded fromNENexus Realm
Seraphim တွေအနေနဲ့ Egghead Arc အစမှာကတည်းက Shichibukai ရာထူးနဲ့ ထိုက်တန်အောင် First Appearance မှာ သေသေချာချာ လုပ်ပြနိုင်ခဲ့ပါတယ်။ Original Shichibukai 7 ယောက်ရဲ့ Clone တွေဖြစ်တဲ့အပြင် ကိုယ်ပိုင် Devil Fruit ကိုယ်စီပါရှိပြီး Lunarian Race နဲ့ပါ စပ်ထားတာဆိုတော့ မိုက်တာလည်း မဆန်းဘူးပေါ့။ ဒါတောင်ဆရာကြီးတို့က အသက် 2 နှစ်နဲ့တင် Basic Haki ကြမ်းနေပြီ။

ဒါပေမဲ့ အဲဒီထဲမှာ ဘာကိုမှမလုပ်ပြရသေးတဲ့ Crocodile , Moria နဲ့ Doflamingo တို့ Clone တွေကပါ Design နဲ့တင် Hype ခံနေရတဲ့အထဲပါတယ်။ ဒီနေရာမှာ Doflamingo နဲ့ Moria တို့ကတော့ Paramecia Type မို့လို့ Vegapunk ရဲ့ Green Blood Technology နဲ့ Devil Fruit Cloning လုပ်လို့ရပေမဲ့ Crocodile က Logia မို့ ချွင်းချက်ရှိမှာဗျ။

ဒါကလည်း Vegapunk အခုလက်ရှိ နည်းပညာနဲ့တောင် လက်လှမ်းမမီသေးတဲ့အရာမို့လို့ အခြား Devil Fruit အစားထိုးမှာက သေချာသလောက်ပဲဗျ။ ဘာဖြစ်မလဲဆိုတာတော့ Oda ပဲ သိလောက်မယ်။


#KyayKuuSitt
#NexusRealm
❤12💘1
September 3, 2026 680 1