တကယ်ချစ်ရင်
တစ်ယောက်တည်းနဲ့ လုံလောက်တယ် ♡
လူတစ်ယောက်ကို အချစ်စစ်နဲ့
တကယ်ချစ်ဖူးသူတိုင်းသိတယ်
တစ်နေကုန် အားလိုက်မိတိုင်း
သူအကြာင်း တွေးမိနေတာမျိုး....
စာတွေခနခနပို့ပြီး
ဖုန်းခနခန ပြောချင်တာမျိုး...
ဘယ်သွားမယ်ဘာလုပ်မယ်ကအစ
အလေးထား တိုင်ပင်ပြီးမှ လုပ်တာမျိုး...
သူများတွေ ဘယ်လိုမကောင်းတာတွေပြောပြော
တန်ဖိုးထား ဂရုစိုက်ပေးတာမျိုး....
အချိန်ကြာလာလေ ရိုးမသွားပဲ
ပိုချစ်မိပြီး သံရောစဉ်ပိုတွယ်လာမိတာမျိုး.....
အသစ်တွေ ဘယ်လောက်တွေ့တွေ့
သူတစ်ယောက်ထဲနဲ့တင်
တနေကုန် အချိန်တွေမလုံလောက်တာမျိုး.....
စကားတွေထိန်းပြောစရာမလိုဘဲ အရှိကိုအရှိတိုင်း ပြောလို့ရတဲ့လူအနား....
လွတ်လပ်စွာ ရယ်မောခွင့်ရပြီး လွတ်လပ်စွာ ငိုခွင့်ရတဲ့
လူအနားမှာ နေခွင့်ရရင်တော့ တသက်လုံး နေချင်ပါတယ်။
ကိုယ်ရဲ့အမှားတွေနဲ့အားနည်းချက်တွေ မြင်တာတောင် သူ့အတွက်တော့ ကိုယ်ဟာ ပြီးပြည့်စုံပါတယ်ဆိုတဲ့ လူတစ်ယောက်ကိုတော့ ပိုင်ဆိုင်ခွင့်ရချင်သေးတယ်...♡
တကယ်ပါ အချစ်စစ်နဲ့ချစ်ရင်
တစ်ယောက်တည်းနဲ့ လုံလောက်တယ်....❤
#Honey
#Crd