𝖭𝖤𝖥 - 𝖭𝖾𝗑𝗎𝗌 𝖥𝗋𝗈𝗇𝗍𝗂𝖾𝗋 𝖤𝖽𝗎𝖼𝖺𝗍𝗂𝗈𝗇 𝖢𝖾𝗇𝗍𝗋𝖾: post #67 — TG.ME

ဘာလို့ အင်္ဂလိပ်စာ တိုးတက်သင့်သလောက် တိုးတက်မလာတာလဲ သိလား❓

စာတွေကို နှုတ်တိုက်ကျက်ပြီးမှ ပြန်သုံးဖို့ ကြိုးစားနေလို့ပါပဲ..။ ခေါင်းထဲမှာ မြန်မာလို အရင်တွေးပြီးမှ အင်္ဂလိပ်လို ပြန်ဘာသာပြန်နေသရွေ့တော့ စကားပြောတဲ့အခါ ထစ်ငေါ့နေဦးမှာပါပဲ။

ဒီပြဿနာကို ဖြေရှင်းဖို့အတွက် NEF ကနေ “Stop Translating in Your Head” ဆိုတဲ့ Learning Method လေးကို မျှဝေပေးချင်ပါတယ်။

English Language မှမဟုတ်ဘဲ ဘယ် Language ကိုမဆို ဒီ Method လေးကို အသုံးပြုပြီး လေ့လာမယ်ဆိုရင် ပိုပြီးထိရောက်စေနိုင်ပါတယ်။ ဒါဆို ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

စကားလုံးတွေကို ထပ်ခါထပ်ခါ ကြားရင်း၊ ကိုယ်တိုင်မြင်ရင်းနဲ့
“ဒါဘာကြီးလဲ” “ဒါကို ဘယ်လိုခေါ်တာလဲ” ဆိုပြီး မေးရင်းကနေ တဖြည်းဖြည်း သိလာခဲ့ကြတာပါ။

ဒါကြောင့် Language တစ်ခုကို ကိုယ်နဲ့ တစ်သားတည်းဖြစ်လာအောင် လေ့လာချင်တယ်ဆိုရင် မြန်မာလိုအရင်တွေးပြီး ဘာသာပြန်တဲ့အကျင့်ကို တဖြည်းဖြည်း ရှောင်ကြဉ်ဖို့ လိုပါတယ်။
ďťż
English ကို တိုက်ရိုက်တွေးနိုင်ဖို့ အရင်ဆုံး လေ့ကျင့်ရမယ့်အရာကတော့..


✅ ကိုယ်မြင်သမျှအရာတွေကို English လိုပဲ နာမည်တပ်ပြီး တွေးတဲ့အလေ့အကျင့် ရှိအောင် လေ့ကျင့်ပါ။

✅ ကိုယ့်ပတ်ဝန်းကျင်က ရိုးရှင်းတဲ့အရာတွေကနေ စပြီး English → Meaning ဆိုတဲ့ connection ကို တည်ဆောက်ပါ။

✅ နောက်တစ်ဆင့်အနေနဲ့ Short Phrases လေးတွေကိုပါ English လို တိုက်ရိုက်တွေးကြည့်ပါ။

အဲ့ဒီအပြင် မြင်သမျှကို English လိုတွေးတာတင်မကဘဲ “Visual Trigger → English Reaction” ဆိုတဲ့ habit ကိုပါ တွဲပြီး လေ့ကျင့်ကြည့်ပါ။


အဓိကကတော့ ကိုယ်မြင်လိုက်တာ၊ ခံစားလိုက်တာ၊ ဖြစ်ပျက်နေတာတစ်ခုခုကို မြန်မာလိုအရင်တွေးပြီးမှ English ပြန်ဘာသာပြန်တာမဟုတ်ဘဲ English နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး တုံ့ပြန်နိုင်အောင် လေ့ကျင့်ပေးဖို့ပါ။



ဒါကြောင့် English တိုးတက်ချင်ရင် စကားလုံးတွေကိုပဲ အလွတ်ကျက်နေမယ့်အစား နေ့စဉ်ဘဝထဲမှာ English လို စပြီးတွေးကြည့်ပါ။

ဒီလိုမျိုး အသုံးဝင်တဲ့ Language Learning Methods & Tips လေးတွေကို NEF ကနေ ဆက်လက်မျှဝေပေးသွားဦးမှာမလို့

📌 NEF Education Centre Page ကို Follow လုပ်ထားပြီး နောက်ထပ် Content လေးတွေကို စောင့်ကြည့်ပေးကြပါဦးနော်။ 💜

Stop translating in your head. Start thinking in the language you’re learning. 🧠✨

#NEF #English
#Language #Learning
#Method #Knowledge
💜10💘6🤍5
August 20, 2026 193