Flora အရင်ကဖတ်ဖူးခဲ့တာလေးပဲ ပြန်တင်ပေးလိုက်ပါတယ်ခ
နားမထောင်ရသေးတဲ့သူလေးတွေ~~အတွက်ရော😁💕
♡ချစ်သော အသက်♡
နွေဦးမှာကြွေကျလာတဲ့သစ်ရွက်တွေ
ရေကြည့်လိုက်စမ်း အသက်ရေ.....
ကို့အလွမ်းတွေလိုပေါ့
လေတစ်ချက်တိုက်တိုင်း
တဖြုတ်ဖြုတ်ကြွေသွားသလို
အသက်တစ်ချက်ရှုတိုင်း
တဖျပ်ဖျပ်နဲ့
လွင့်လူးစွာ လွမ်းနေပါတယ်><
မနက်တိုင်း မင်းစိတ်နဲ့ပဲနိုးထပြီး
ညတိုင်း မင်းစိတ်နဲ့ပဲအိပ်တဲ့နေ့တွေဟာ
ကြည်နူးဖွယ်ရာတွေ အပြည့်ဖြစ်နေတဲ့ ကမ္ဘာလေးပေါ့~~
ကြည်နူးဖွယ်ရာ ဤကမ္ဘာလေးကလွဲရင် ဘာမှထပ်မလိုချင်တဲ့ လူသားတစ်ယောက်ပါ
ဒါ့ကြောင့်
အာဏာရူးသူတွေ ပလ္လင်ပေါ်တက်နေတဲ့ခေတ်မှာ
ဒီကမ္ဘာလေးကို အပိုင်ရဖို့
ဒီအာဏာလေးကိုတော့ ရူးမိပါတယ်။
မင်းကိုပိုင်ဖို့ဆို
ဘာမဆို............
မထင်ရင် မထင်သလို စိတ်ကောက်တတ်ပြီး
မထင်ရင် မထင်သလို ပြန်ပြန်ချော့တတ်တဲ့ ပူးမလေးရေ~~နင့်စူးစွာ ချစ်နေပါတယ်
ဘယ်အချိန်ဖြစ်ဖြစ်ပေါ့.......
#Flora
#letter_crd