E-nc-a-nt-o [20-2-1] ‎ ‎Disneyကထွက်တဲ့ animationတွေရဲ့ ထုံးစံအတိုင်း… — Movieaction10 — TG.ME

Forwarded fromAPApple Movie🍎
E-nc-a-nt-o [20-2-1]

‎Disneyကထွက်တဲ့ animationတွေရဲ့ ထုံးစံအတိုင်း ဇာတ်ကောင်တွေ၊ အရောင်အသွေးတွေက လှပမြဲဖြစ်သလို ဇာတ်လမ်းပိုင်းကလည်း ပရိတ်သတ်တွေ သဘောတွေ့စေခဲ့တယ်ဆိုတာကို IMDb 7.6နဲ့ Rotten Tomatoes 90% ratingက သက်သေခံနေပါတယ်

‎Encantoဆိုတာက တောင်အမေရိကတိုက် ကိုလံဘီယာ နိုင်ငံတွင်းက စိတ်ကူးယဉ်နေရာလေးတစ်ခုပါ၊

‎ဒီနေရာမှာ မှော်အစွမ်းတွေရှိပြီး အဲဒီမှာနေထိုင်တဲ့မာဒရီဂယ်မိသားစုကို Encantoဒေသလေးကိုထိန်းသိမ်းပေးဖို ဒေသနေပြည်သူတွေရဲ့ဘဝကို အကျိုးပြုဖိုဆိုပြီး မှော်စွမ်းအင်တွေကို မျိုးဆက်အဆင့်ဆင့် လက်ဆောင်ပေးခဲ့ပါတယ်၊

‎ဒါကြောင့်မာဒရီဂယ်မိသားစုဝင်တိုင်းမှာ မှော်အစွမ်းကိုယ်စီ ရှိပါတယ်၊မင်းသမီးလေး မီရာဘယ်ကလွဲရင်ပေါ့၊

‎တစ်နေ့မှာတော့ Encantoကို မလိုလားအပ်တဲ့ အမှောင်စွမ်းအင်ထုကြီး  ရောက်ရှိလာတဲ့အခါမှော်အစွမ်းမရှိတဲ့ မီရာဘယ်လေး အနေနဲ့ မိသားစုနဲ့အတူ အန္တရာယ်ကိုဘယ်လိုတွန်းလှန်မလဲ၊

‎သူမဘာကြောင့် မှော်အစွမ်းမရနိုင်တာလဲ၊ မှော်အစွမ်းရအောင် ဘယ်လိုကြိုးစားမလဲဆိုတာ ကြည့်ရှုခံစားနိုင်ပါပြီ




https://t.me/moviee2122/1026
September 1, 2026 1.4K 3