Dear You 2026 Chaoshan ဒေသမှ အဘွားဖြစ်သူ Ye Shurou ဟာ ရိုးရှင်းတဲ့… — Chinese Movies — TG.ME

Dear You 2026

Chaoshan ဒေသမှ အဘွားဖြစ်သူ Ye Shurou ဟာ ရိုးရှင်းတဲ့ ဘဝလေးကို အေးချမ်းစွာ ဖြတ်သန်းနေသူတစ်ဦး ဖြစ်ပေမဲ့ မြေးဖြစ်သူ Xiaowei ဟာ အကြွေးနွံထဲ ရုန်းကန်နေရတာကြောင့် မိသားစုကို လျှို့ဝှက်ပြီး ထိုင်းနိုင်ငံဆီ ထွက်ခွာသွားခဲ့ပါတယ် သူ့ရဲ့ ရည်ရွယ်ချက်ကတော့ သူဌေးကြီးဖြစ်နေပြီလို့ သတင်းထွက်နေတဲ့ အဘိုးဖြစ်သူ Zheng Musheng ကို

သွားရောက် ရှာဖွေဖို့ဖြစ်ပါတယ်ဒါပေမဲ့Xiaoweiတစ်ယောက် ထိုင်းကနေ ပြန်လည်ရောက်ရှိလာချိန်မှာတော့ မိသားစုတစ်ခုလုံးကို တုန်လှုပ်သွားစေမယ့် သတင်းဆိုးကို သယ်ဆောင်လာခဲ့ပါတော့တယ်အဘိုးဖြစ်သူဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ကွယ်လွန်သွားခဲ့ပြီးဖြစ်ကာ အဘွားနဲ့ နှစ်ပေါင်း

များစွာ စာအဆက်အသွယ်လုပ်ပြီး ချစ်ရေးဆိုနေခဲ့သူဟာ တခြား အပြင်လူ စိမ်းတစ်ယောက် ဖြစ်နေခဲ့တာကို တွေ့ရှိလိုက်ရတဲ့အခါ... Xiaowei ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့အတူ ရာစုနှစ်ဝက်ကျော် ပုန်းကွယ်နေခဲ့တဲ့ နက်ရှိုင်းလှတဲ့ အတိတ်က သံယောဇဉ် လျှို့ဝှက်ချက်ကြီးဟာ အဘွား ရင်ထဲဆီ လှိုင်းပမာ ရိုက်ခတ်လာခဲ့ပါတော့တယ်.......
September 4, 2026 256 2