Gezhi Town 2025
ကြည်တောက်နေတဲ့ Official အကြည်ဗားရှင်းဗျို့အားလုံးကို ကျန့်ကောရဲ့ကားသစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ မည်းမည်းသည်းသည်းမြင်ပြီးမငြိုငြင်လိုက်ပါနဲ့ တကယ်ကအနှစ်တွေပြည့်နေတဲ့ ကားကောင်းတစ်ကားပါဒီဇာတ်လမ်းလေးက ၁၉၄၀-၁၉၄၃ ခုနှစ်တုန်းက ဟူပေ
အနောက်ပိုင်းတိုက်ပွဲကို နောက်ခံအနေနဲ့ဖော်ပြထားပြီး ရှီဖိုင်ခုခံကာကွယ်ရေးတိုက်ပွဲကအရေးကြီးတိုက်ပွဲကို အဓိကထားထားတာပဲဖြစ်ပါတယ်။ တိုင်းပြည်စစ်ဖြစ်တဲ့အခါ စစ်ဘေးရှောင်ရတာမျိုး ကြုံရတတ်ပါတယ်။ နန်ကျင်းကျဆုံးသွားပြီးနောက် မော့သယ်ရှန်နဲ့ ဒုက္ခသည်အုပ်စုလေးက မိသားစုတွေကိုခေါ်ပြီး တောင်
အနက်ထဲကမြို့သေးလေးမှာ သွားပုန်းရှောင်ကြပါတယ်။ ကံဆိုးချင်တော့ ဂျပန်တပ်ဖွဲ့က အဲဒီနေရာကိုမှားယွင်းဝင်ချလာတော့တာပါပဲ။အားကိုးရာမရှိတဲ့အခြေအနေမှာ မိမိသည်သာအားကိုးရာပဲ။ မိသားစုဝင်တွေမသေစေဖို့ငှါ ကိုယ်ရှေ့ထွက်ဖို့လိုလာတဲ့အခါမှာတော့ ဒီမြို့သေးလေးကပြည်သူတွေရဲ့ အသေအကျေခုခံတွန်းလှန်မှုက ပေါ်ပေါက်လာတော့တာပေါ့……

September 6, 2026 26