Long Yin Mi Ku 2023 ထန်တိုင်းပြည်ကြီးက အမြဲစည်ပင်သာယာ၀ဖြိုးပြီး… — Chinese Movies — TG.ME

Long Yin Mi Ku 2023

ထန်တိုင်းပြည်ကြီးက အမြဲစည်ပင်သာယာ၀ဖြိုးပြီး သမိုင်းမှာ ရွှေခေတ်လိုပြောစမှတ်တွင်ခဲ့ပါတယ် တိုင်းပြည်တစ်ခုတိုးတက်လာဖို အချက်အချာကျတဲ့မြိုတွေကို လမ်းကြောင်းဖောက်ဖိုအတွက် မြစ်ကြောင်းလမ်းဖွင့်ပွဲ အခမ်းအနားကို ကျင်းပဖိုရက်ပိုင်းအလိုမှာပဲ မြစ်ကြောင်းကြီးကြပ်ရေးရဲ့‌သဘော်ကြီးက ဘယ်သူ့ပယောဂမှ မပါဘဲ မီးထလောင်ကျွမ်းခဲ့ပါ

တယ်တစ်တိုင်းပြည်လုံးကို အုံအုံကြွပ်ကြွပ်ဖြစ်စေခဲ့တဲ့ ဒီဖြစ်ရပ်ဟာ မြစ်ကြောင်းလမ်းဖောက်ဖိုလုပ်တာကြောင့် စားကျက်မြေပျောက်တဲ့ ပင်လယ်ဓားပြတွေရဲ့လုပ်ရပ်လို ထင်ကြေးပေးကြသလို လူလုပ်နိုင်စွမ်းမရှိတဲ့ ဒီအဖြစ်အပျက်ကို ပင်လယ်ရေမိစ္ဆာလုပ်ရပ်လိုလည်းထင်ကြေးပေးကြပါသေးတယ်ဒီထူးဆန်းတဲ့

ဖြစ်ရပ်ကြောင့် သာ့လီရုံးတော်ရဲ့ရှန်အကြီးအကဲက တီရန်ကျယ်ကို အခမ်းအနားဖွင့်ပွဲတော်မတိုင်မီ အမှုကို သုံးရက်အတွင်းဖော်ထုတ်ဖို အမိန့်ပေးခဲ့ပါတယ် ကဲစုံထောက်ကြီး တီရန်ကျယ်တစ်ယောက် သုံးရက်အတွင်းအမှုဖော်နိုင်ပါ့မလား နောက်ကွယ်ကဖြစ်ရပ်တွေကရော ဒီလောက်ရိုးရှင်းပါ့မလားဆိုတာ ..
September 3, 2026 370 1