Arsenal vs Chelsea
2 သင်းလုံးက perfect start ရထားလို့ဒီပွဲပြီးရင်တစ်သင်းရဲ့ perfect start ကပျက်စီးသွားတော့မှာပါ။ ဒီပွဲမှာ Arsenal က structure ပိုကောင်းတဲ့အသင်းဖြစ်သလို home အားသာချက်လည်းရှိနေပါတယ်။ ဒါပေမဲ့ William Saliba မပါနိုင်တာက Chelsea ရဲ့ transition attack အတွက်အခွင့်အရေးတစ်ခုတော့ဖြစ်လာနိုင်တယ်။
တစ်ဖက် Chelsea မှာလည်း midfield မှာ Caicedo မပါနိုင်လို့ Arsenal ရဲ့ midfield pressure ပေးရင်ခုခံဖို့ပြဿနာရှိနေပါတယ်။ Chelsea ရဲ့ defensive side ကလည်း Arsenal လောက် stable မဖြစ်သေးပါဘူး။ ဒါကြောင့်ဂိုးရဖို့ဆိုရင် Arsenal ရဲ့ first press ကိုကျော်ပြီး Palmer / Pedro ဆီကို ball ရောက်အောင်ပို့ပြီး Arsenal ရဲ့ backline ကိုဖောက်ထွက်ရမယ့်နည်းပဲရှိပါတယ်။ Arsenal ကတော့ midfield control ရသွားရင် Chelsea ကို low block ဆင်းဆော့စေနိုင်ပြီး စိတ်ကြိုက်ကန်သွင်းခွင့်ရလာနိုင်ပါတယ်။ ဒီတော့ Saliba ကွက်လပ်ကိုအခွင့်အရေးယူနိုင်မှဂိုးရနိုင်မယ့် Chelsea ထက် midfield ကိုထိန်းချုပ်ပြီး စိတ်ကြိုက်ကန်သွင်းမယ့် Arsenal ကိုပဲပုံအောကြည့်ချင်ပါတယ်။
