မနက်ခင်း သတင်းတိုများ လီဗာပူးလ် တိုက်စစ်မှူး Chiesa… — 🅼🅰🆃🅲🅷(🥚) - Tips Area — TG.ME

မနက်ခင်း သတင်းတိုများ လီဗာပူးလ် တိုက်စစ်မှူး Chiesa ဟာဒဏ်ရာကနေပြန်သက်သာလာချိန်မှာ ပွဲထွက်ခွင့်မရပါက လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေထွက်ခွာဖို့ဖြစ်လာနိုင်ပါတယ်။ (Football Insider) မန်ယူတောင်ပံကစားသမားဟောင်း ဆန်ချိုဟာ ပရီးမီးယားလိဂ် ကလပ်အနည်းဆုံးနှစ်သင်းနဲ့ ပြောင်းရွှေ့ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။ (Teamtalk) အေစီမီလန်ဟာ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး အန်းဒရစ်ကို လာမယ့် ဇန်နဝါရီမှာအငှားနဲ့ ခေါ်ယူဖို့ပြင်ဆင်နေပါတယ်။ (Calciomercato) မန်ယူဟာ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ လွဲချော်ခဲ့တဲ့ လက်စတာရဲ့ အသက် ၁၈ နှစ်အရွယ်အင်္ဂလန်လူငယ်ကွင်းလယ်လူ ပေ့ချ်ကိုခေါ်ယူဖို့ ဆက်လက်စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ (ESPN) မန်စီးတီးဟာ အက်သလက်တီကို မက်ဒရစ်ကွင်းလယ်လူ Baena ကို စောင့်ကြည့်နေပေမဲ့လာမယ့်ဇန်နဝါရီမှာခေါ်ယူဖို့ ကမ်းလှမ်းဖွယ် မရှိပါဘူး။ (Football Insider) လီဗာပူးလ်နဲ့မန်ယူတို့ဟာ ဝုဗ်အသင်းရဲ့အသက် ၁၈ နှစ်အရွယ်တောင်ပံကစားသမား Matheus Mane ကိုခေါ်ယူဖို့ ဝုဗ်အသင်းဆီ တိုက်ရိုက်ဆက်သွယ်မှုများ ပြုလုပ်ခဲ့ကြပါတယ်။ (Ekrem Konur) ဘရန့်ဖို့ဒ်ဟာ အာဆင်နယ်ရဲ့စိတ်ဝင်စားမှုကို တားဆီးဖို့အတွက် အသက် ၂၄ နှစ်အရွယ်ဂျာမနီတိုက်စစ်မှူး ရှေးဒ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးမှုများစတင်လိုက်ပြီ ဖြစ်ပါတယ်။ (Teamtalk) မန်ယူဟာ လီဗာပူးလ်ရဲ့အသက် ၁၆ နှစ်အရွယ် ကွင်းလယ်လူ Isaac Konde ကို ခေါ်ယူဖို့သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်ပါတယ်။ (Fabrizio Romano)

September 8, 2026 59