နိုဝင်ဘာ၆ရက်
မြင်းခြံမြို့
နိုဝင်ဘာ၁ရက်နေ့က ပျူအုပ်ကြီးတွေ စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ် ပျူအုပ်ကြီးလက်နက်ဖြုတ်သိမ်းခံရပြီး နောက်လိုက်ပျူတွေ ထွက်ပြေး
နိုဝင်ဘာ၁ရက်နေ့ညပိုင်းက အမှတ်၁၉ရပ်ကွက်မှာ
လမ်းထွက်ထိုင်နေတဲ့ မူးယစ်သုံးထားတဲ့လူငယ်၃ဦးကို ကင်းလှည့်နေတဲ့ ပျူအုပ်ကြီးနဲ့အဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေက အမှတ်၃ရပ်ကွက် ပျူအုပ်ကြီးအေးမင်းဖြိုးကို ဖုန်းဆက်လှမ်းခေါ်ခဲ့ရာမှ အုပ်ကြီးအချင်းချင်း စကားများရန်ဖြစ်ပြီး ပစ်ခတ်မှုဖြစ်ခဲ့ပါတယ်။
ပျူအေးမင်းဖြိုးက သီတာယုမွန်ရဲ့လက်ရုံးတစ်ဦးဖြစ်ပြီး အမှတ်၁၉ပျူအုပ်ကြီးနဲ့နောက်လိုက်တွေဆီက သေနတ်တွေကို ပြန်သိမ်းခဲ့တယ်လို့ သိရပါတယ်။အမှတ်၁၉ပျူအုပ်ကြီးရဲ့နောက်လိုက်ပျူတွေကတော့ ကြောက်လန့်ပြီး ရပ်ကွက်ထဲမနေရဲတော့ဘဲ ထွက်ပြေးကုန်ကြတယ် လို့သိရပါတယ်။
🚩မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ
November 6, 2022 15.7K 2