သူခိုး - အကြည်တော် အပိုင်း (၇) မနက်လင်းလို့ နေကတောင်… — MBS CHANNEL — TG.ME

သူခိုး - အကြည်တော်
အပိုင်း (၇)

မနက်လင်းလို့ နေကတောင် တယ်မထွက်ချင်သေးဘူး။
ပါကညောနဲ့ဖိုးဌေး၊ မလက်တိုထန်းရည်ဆိုင် ချီတက်လာကြတယ်။ ခြေလှမ်းတွေက သွက်နြေ ကြတယ်။ နောက်ကျလို့ မဖြစ်ဘူးလေ။ နောက်ကျရင် သူများဦးသွားမှာကိုး။
ထင်တဲ့အတိုင်းပဲဗျား။
ငပိန်က အစောကြီး ထန်းရည်ဆိုင်ရောက်နေပြီ။
ငပိန်ကို အစောကြီးထန်းရည်ဆိုင်မှာ မြင်ရလို့ ဝမ်းသာသွားရပေမယ့် ငပိန်နဲ့အတူ ဒိုးကျသူကြီး ဦးစံကြီးနဲ့ ရွာခေါင်းဘသန်းကိုပါ တွဲမြင်လိုက်ရတော့ ပါကညောကြီး မပျော်မရွှင်နိုင် ဖြစ်သွားတယ်။ ဒီလူတွေအကြောင်း သူကောင်းကောင်းသိတယ်လေ။

ဒိုးကျသူကြီးစံကြီးဆိုတာကလဲ ဘုရားတကာဟန်ဆောင်ထားတာ။ အမှန်တော့ စံကြီးကလဲ ကောင်းလှတာတော့မဟုတ်ဘူး။ ဟိုးအရင် ဒီဖက် လမ်းပန်းဆက်သွယ်ရေး မကောင်းစဉ်က ဒီရွာနား နွားမှောင်ခိုတွေ မတရားသောင်းကျန်းတာ။ အဲ့ဒီသောင်းကျန်းတဲ့ နွားမှောင်ခိုကိုမှ ဓားပြထွက်တိုက်တဲ့ တောပုန်းစံကြီးဆိုတာ သူပဲ။ ရွာခေါင်းဘသန်းဆိုတာကလဲ အဲ့ထဲက သူ့တပည့် လက်တစ်ခြမ်းဘသန်း ဆိုတာပဲ။
လက်တစ်ခြမ်းဘသန်းဆိုတာ တခြားတော့မဟုတ်ဘူး။ လက်တစ်ချောင်းက မွေးရာပါသိမ်နေတာ။ လက်တစ်ချောင်းပဲကောင်းတယ်။ ဒါပေမယ့် ဓားထိုးမြန်တယ်။ ဒီနယ်တဝိုက်မှာတော့ ဘသန်းကို ဓားရေးယှဉ်ဖို့လူရှားတယ်။

“ဟေး ငပိန်”
ခေါ်သံနဲ့အတူ အိုးလေးအိုးရွာသူကြီး ပါကညောနဲ့ တပည့်ကျော် ဖိုးဌေးကိုမြင်တော့ ဒိုးကျသူကြီး ဦးစံကြီးရော၊ ရွာခေါင်းဘသန်းပါ မျက်နှာပျက်သွားတယ်။
မြွေမြွေချင်းတော့ ခြေမြင်ကြတယ်လေ။
ဒီကောင်တွေ ဒီအချိန်လာပြီဆိုကတည်းက ဘာအတွက်လာတယ်ဆိုတာ ကြိုသိထားပြီးသား။ ဒါကို ပါကညောတို့က ခပ်တည်တည်ပဲ။
“ငပိန်ရာ၊ မင်းကိုငါက လွမ်းနေတာကွ”
ဆိုပြီး ဦးစံကြီးနဲ့ငပိန်တို့ အတူထိုင်နေတဲ့ဝိုင်းထဲ ပိုင်စိုးပိုင်နင်းနဲ့ ဝင်ထိုင်လိုက်တယ်။ ပြီးတော့ ထန်းတဲဖက်ဝေ့ကြည့်ပြီး
“ဟေ့ လက်တိုရေ၊ ငါတို့ချုပ်ထားတဲ့ အပင်ထဲက ကောင်းတာလေးချဟ၊ နောက်ပြီး စားစရာဘာရှိလဲ၊ ကြက်တစ်ကောင် ခုတ်လိုက်စမ်း၊ ငပိန် ကိုကျွေးဖို့၊ ငပိန်အားရှိဖို့လိုတယ်၊ ဟဲဟဲ”

ဆိုပြီး စပ်ဖြဲဖြဲတောင် လာလုပ်နေသေး။
“ဟိုနေ့ကတောင် တို့တွေ မင်းအကြောင်းကို ပြောနေကြသေး၊ နော့ ဖိုးဌေးရ”
ပါကညောက ဖိုးဌေးကိုပါ အကူအညီတောင်းတယ်။ ဖိုးဌေးကလဲ စပ်ဖြဲဖြဲနဲ့
“ဟုတ်ပ ပါပါကြီးရာ၊ ငပိန် လှမေကို ခိုးတဲ့အကြောင်းလေ”
သူတို့စကားကြားတော့ ငပိန်ငြိမ်သွားတယ်။ ဒါကို အကင်းပါးတဲ့ ပါကညောကပဲ
“ဟာ ဒီကောင်ဖိုးဌေးကလဲ ငါတို့ပြောတာ၊ ငပိန့်ကြက်ငွေထုပ် အကြောင်းပါကွ၊ မင်းကလဲ”
အဲ့ဒီတော့မှ ဖိုးဌေးကလဲ သတိရသွားပြီး
“ဪ ဟုတ်ပ၊ ပါပါကြီးရေ..ငွေထုပ်က ပွဲကျွတ်ခြောက်ပွဲတောင် အောင်ပြီဗျနော့်”
သူ့ကြက်ကောင်းကြောင်းပြောမှ ငပိန်ပြန်ပြုံးသွားတယ်။ ဒါကို ကြားထဲက ဦးစံကြီးက
“ဒီမှာ ပါကညော”

“ပြောစံကြီး”
နှစ်ယောက်လုံး ရုပ်တွေတည်သွားတယ်။ တပည့်နှစ်ယောက်ကလဲ အလစ်မပေးဘဲ တစ်ယောက်ကိုတစ်ယာက်ကြည့်ကြတယ်။ မျက်နှာခြင်းဆိုင် တည်မိရင် ပွဲကလှပြီလေ။
“လူကြီးလူကောင်းတွေရဲ့ စကားဝိုင်းတွေ၊ စားသောက်ဝိုင်းတွေကို ခွင့်မတောင်းဘဲ ဝင်မထိုင်ရဘူးဆိုတာ မင်းမသိဘူးလား၊ မင်းတို့မိဘတွေ မသင်ပေးဘူးလား”
ဦးစံကြီးက ပါကညောကို စကားနဲ့လှမ်းထေ့တယ်။ ဒါကို ပါကညောကလဲ ဘယ်ခံပါ့မလဲ။
“သင်ပါ့စံကြီးရာ၊ မိဘများက မှာထားတယ်၊ လူကြီးလူကောင်းတွေရဲ့ စကားဝိုင်း ထမင်းဝိုင်းကို မဖိတ်ခေါ်ဘဲ မဝင်ရဘူးတဲ့”
ဦးစံကြီးက သူ့အကွက်ထဲဝင်လာတော့ ပါကညောကို လက်ညှိုးထိုးပြီး
“အဲဒါဆို မင်းက ဒီဝိုင်းထဲလာဝင်ထိုင်တာ ဘာအထာလဲ၊ အနော်ရထာလား”

ဦးစံကြီးစကားကို ပါကညောကလဲ မဲ့ရွဲ့ပြီး
“ဟ စံကြီးရ၊ နွားခိုးဓားပြနဲ့ သူခိုး ထန်းရည်ဝိုင်းထဲ မဝင်ရဘူးလို့ မှ မိဘက မသင်ပေးခဲ့တာ။၊ ဒါကြောင့် ဝင်လာတာပေါ့ကွ၊ နောက် ဒါက ထန်းရည်ဆိုင်ကွ”
“ခိ”
ပါကညောစကားကို သူခိုးငပိန် ခိုးရယ်တယ်။ ဦးစံကြီးနဲ့ဘသန်းတို့ မျက်နှာပျက်သွားတယ်။ နောက် ပါကညောကို လက်ညှိုးထိုးပြီး
“ဟေ့ကောင်၊ ငါဓားပြမတိုက်တာကြာပြီ၊ မင်းဘာတွေ လာပြောနေတာလဲ”

ဦးစံကြီးစကားကို ပါကညောက ထန်းရည်ခွက်ရှေ့ချထားတဲ့ ပဲကြီးလှော်ကောက်ဝါးပြီး
“ဘယ်တိုက်တော့မှာလဲ၊ ဆက်ကြေးရနေတာကိုး”
ဦးစံကြီးနဲ့ဘသန်းတို့ မျက်နှာ ဖရိုဖရဲဖြစ်သွားတယ်။ ဘသန်းဆို ခါးကြားထိုးထားတဲ့ဓားတောင် လှမ်းစမ်းသေးတယ်။ လိုအပ်ရင်သုံးရအောင်။ ဦးစံကြီးကလဲ ဘယ်ခံပါ့မလဲ။
“ဟေ့ကောင် ပါကညော၊ ငါက ဓားပြသာတိုက်တာ၊ မင်းလို သူများ မယားမပစ်မှားဘူး”
ပါကညောမျက်နှာပျက်သွားတယ်။ ပါကညောကြီးက မိန်းမလဲ အလွန်ပွေတာကိုး။ ဒါပေမယ့်လဲ ဟန်ကိုယ့်ဖို့ဆိုတဲ့အတိုင်း ရုပ်ကိုပြန်တည်ပြီး
“ဟေ့ကောင် မင်းမှာ သက်သေရှိမှ ဒီစကားကိုပြော၊ ငါဘယ်မှာ သူများသားမယား ပစ်မှားလို့လဲ”
သူ့စကားကို ဦးစံကြီးက ခေါင်းမော့ရယ်ပြီး
“ဟားဟား မင်းမိန်းမရှုပ်တာ တစ်ရွာလုံးသိတယ်၊ မင်းတို့ရွာသား မပြောနဲ့၊ ဟောဒီထန်းရည်ဆိုင်က မလက်တိုမေးရင်တောင် သိတယ်၊ ဟဲ့ မလက်တို”
ဦးစံကြီးစကားကို ထန်းတဲထဲကထွက်လာတဲ့ မလက်တိုအသံက
August 3, 2024 421