" Zodiac Sign ၁၂ ခုရဲ့ ထူးခြားတဲ့အချက် "
Aries ♈
လူအများ မလုပ်ရဲတဲ့အရာကို အရင်ဆုံး စလုပ်ရဲတတ်တယ်။ စိတ်မြန်ပေမယ့် စိတ်ထဲမှာ ဘယ်အရာမှအကြာကြီးမထားတတ်ကြဘူး။
Taurus ♉
တစ်ခါဆုံးဖြတ်ပြီးရင် အလွယ်တကူ မပြောင်းတတ်ဘူး။ ချစ်တဲ့သူတွေ၊ ကြိုက်တဲ့အရာတွေကို သစ္စာရှိရှိ စွဲစွဲမြဲမြဲ ချစ်တတ်ကြတယ်။
Gemini ♊
လူတစ်ယောက်တည်းထဲမှာ personality အမျိုးမျိုးရှိသလို ခံစားရတတ်တယ်။ ဘယ်သူနဲ့မဆို လိုက်လျောညီထွေစွာ ပြောဆိုတတ်တာ သူတို့ရဲ့ထူးခြားမှုတစ်ခု။
Cancer ♋
အပြင်ပန်းမှာ အေးဆေးနေတတ်ပေမယ့် အတွင်းစိတ်က အရမ်းနူးညံ့တယ်။ အသေးစိတ်လေးတွေ၊ အမှတ်တရလေးတွေကိုတောင် မမေ့တတ်ကြဘူး။
Leo ♌
ကိုယ့်လူကို ကိုယ်ကာကွယ်ပေးချင်တဲ့စိတ် အရမ်းပြင်းတယ်။ Attention ကြိုက်ပေမယ့် ချစ်တဲ့သူအတွက်တော့ အများကြီးပေးဆပ်တတ်ကြတယ်။
Virgo ♍
လူတွေ သတိမထားမိတဲ့ အသေးစိတ်လေးတွေကိုတောင် သတိထားမိတတ်ကြတယ်။ အပြစ်ပြောတာများသလိုထင်ရပေမယ့် အမှန်တကယ်က ကောင်းစေချင်လို့ပါ။
Libra ♎
လူတွေရဲ့အမြင်၊ ခံစားချက်တွေကို နားလည်ပေးနိုင်တတ်တယ်။ အရာအားလုံးကို balance ဖြစ်အောင် ကြိုးစားတတ်တာ သူတို့ရဲ့ထူးခြားချက်ပါ။
Scorpio ♏
လူတစ်ယောက်ရဲ့ စိတ်ရင်းကို အလွယ်တကူ ရိပ်မိတတ်တယ်။ မချစ်ရင် အေးအေးဆေးဆေးနေပေမယ့် ချစ်မိရင်တော့ အရမ်းနက်နက်ရှိုင်းရှိုင်းချစ်ကြတယ်။
Sagittarius ♐
ဘဝကို လွတ်လပ်စွာ ပျော်ပျော်နေချင်တတ်ကြတယ်။ ဘယ်လောက်ပဲခက်ခဲနေပါစေ ဟာသနဲ့ ဖြတ်ကျော်နိုင်အောင် ကြိုးစားကြတယ်။
Capricorn ♑
စကားနည်းနည်းနဲ့ အလုပ်များများလုပ်တတ်တယ်။ တစ်ခြားသူတွေမမြင်တဲ့နေရာမှာ ကိုယ့်အနာဂတ်အတွက် တိတ်တိတ်လေး ကြိုးစားနေတတ်တယ်။
Aquarius ♒
အတွေးအခေါ်က တခြားသူတွေနဲ့ မတူတတ်ကြဘူး။ လူတွေကြားထဲမှာနေရင်းတောင် ကိုယ့်ကမ္ဘာလေးထဲ ကိုယ်နေတတ်တာ သူတို့ရဲ့ထူးခြားချက်ပါ။
Pisces ♓
စိတ်ကူးယဉ်ကမ္ဘာ အရမ်းကြီးတယ်။ လူတစ်ယောက်ရဲ့ နာကျင်မှုကို ကိုယ်တိုင်ခံစားရသလို empathy အရမ်းရှိတတ်ကြတယ်။
#𝗞𝗼𝗲
#zodiac_sign@KoezodiacW
#Zodiac_World
#forward_only
#writing_by_Koe
#inspired_by_originalidea