လမ်းမပေါ်က အလယ်မျဉ်းတွေအကြောင်း _____________________ အလယ်မျဉ်းပြတ်… — 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐈𝐧 𝐘𝐨𝐮𝐫 𝐀𝐫𝐞𝐚 — TG.ME

လမ်းမပေါ်က အလယ်မျဉ်းတွေအကြောင်း
_____________________

အလယ်မျဉ်းပြတ်

🔻နှစ်လမ်းမောင်းတွင် မျဉ််းပြတ်ကို ဖြတ်ကျော်၍ ကွေ့နိုင်၊ ဂ-ကွေ့လည်း ကွေ့နိုင်ပါတယ်။🔻တစ်လမ်းမောင်းတွင် မျဉ်းပြက်ကိုဖြတ်၍ ယာဉ်ကြော ကူးပြောင်းနိုင်ပါတယ်။
🔻အန္တရာယ်ကင်းပါက မျဉ်းပြတ်ကို ဖြတ်ကျော်၍ ရှေ့ယာဉ်ကို ကျော်တက်နိုင်ပါတယ်။
🔻မျဉ်းပြက်များကို ခွမမောင်းရပါ။

အလယ်မျဉ်း

🔻အလယ်မျဉ်းကို ဖြတ်ကျော်၍ မကွေ့ရ၊ ဂ-ကွေ့မကွေ့ရပါ၊ ယာဉ်ကြောလည်း မပြောင်းရပါ။
🔻အလယ်မျဉ်းကို ဖြတ်၍ ရှေ့ယာဉ်ကို ကျော်မတက်ရပါ။
🔻အလယ်မျဉ်းကို ခွ၍ မမောင်းရပါ။

အလယ်မျဉ်းပြိုင်နှစ်ကြောင်း

🔻မျဉ်းပြိုင်နှစ်ကြောင်းကို အန္တရာယ်ဖြစ်နိုင်သည့် လမ်းကွေ့လမ်းကောက်များ၊ တံတားကျယ်များ၊ မြင်ကွင်းကွယ်နေသော ကုန်းထိပ်များစသည့်နေရာများတွင် အသုံးပြုပါတယ်။
🔻မျဉ်းပြိုင်နှစ်ကြောင်းကို လုံးဝဖြတ်မကျော်ရပါ၊ ဂ-ကွေ့မကွေ့ရပါ၊ ခွမမောင်းရပါ။
ရှေ့ယာဉ်ကိုလည်း ကျော်မတက်ရပါ။
🔻မျဉ်းပြိုင်နှစ်ကြောင်းပေါ်တွင် ယာဉ်ရပ်နားခြင်းမပြုရပါ။

အလယ်မျဉ်းများ ၃မျိုးစလုံးပေါ်တွင် လမ်းလျှောက်ခြင်း၊ ရပ်နေခြင်း၊ စက်ဘီးစီးခြင်းများ မပြုလုပ်ရပါ။
အားလုံးပဲ ယာဉ်အန္တရာယ် ကင်းရှင်းကြပါစေ 🙏

#crd_to_fb
#Knowledge
#Ruby
❤10🍓3👌2
July 6, 2025 7.6K 22