ကိုယ့်တန်ဖိုးနဲ့ ကိုယ်ရှိတယ် **** ကိုယ့်လုပ်ရပ်အပေါ် မယုံကြည်ခဲ့တဲ့ သူတွေကို ဘယ်တော့မှ ပြန်အောက်မကျို့နဲ့ ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။ ကိုယ့်ယုံကြည်မှုအပေါ် သစ္စာဖောက်ခဲ့တဲ့ ချစ်သူကို ဘယ်တော့မှ ပြန်လက်မခံနဲ့ ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။ ကိုယ့်စေတနာအပေါ် ကျေးဇူးကန်းခဲ့တဲ့ သူတွေကို ဘယ်တော့မှ လက်ဆွဲပြန်မနှုတ်ဆက်နဲ့ ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။ ကိုယ့်ခင်မင်မှုအပေါ် အသုံးချခဲ့ဖူးတဲ့ မိတ်ဆွေကို ဘယ်တော့မှ ပြန်မယုံကြည်နဲ့ ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။ ကိုယ့်နားလည်မှုအပေါ် အခွင့်အရေးယူခဲ့တဲ့ သူတွေကို ဘယ်တော့မှ ပြန်မယုံကြည်နဲ့ ကိုယ့်မှာလဲ ကိုယ့်တန်ဖိုးနဲ့ကိုယ်ရှိတယ်။ တန်ဖိုးရှိတဲ့အရာဆိုတာ တန်ဖိုးသိသူရဲ့ ပတ်ဝန်းကျင်နဲ့ တန်ဖိုးနားလည်သူတွေရဲ့ အနားမှာပဲ ရှိနေသင့်တယ်။ တန်ဖိုးမသိတဲ့ ပတ်ဝန်းကျင်နဲ့ တန်ဖိုးနားမလည်တဲ့ လူတွေအနားမှာရှိနေတဲ့အခါ ကိုယ်ဟာတန်ဖိုးရှိပေမယ့်လဲ အလိုလိုတန်ဖိုးမဲ့သွားလိမ့်မယ် ။ #Forward_Only #credit #Motivation #Ruby
ကိုယ့်တန်ဖိုးနဲ့ ကိုယ်ရှိတယ် **** ကိုယ့်လုပ်ရပ်အပေါ် မယုံကြည်ခဲ့တဲ့… — 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐈𝐧 𝐘𝐨𝐮𝐫 𝐀𝐫𝐞𝐚 — TG.ME
March 5, 2026 824 7