အချိန်တိုအတွင်း နောက်လူတစ်ယောက်လို ပြောင်းလဲသွားစေမယ့် အလေ့အကျင့်များ
==========================
(၁) ကိုယ်လက်လေ့ကျင့်ခန်းကို အလုပ်တစ်ခုလို သတ်မှတ်ပြီး နေ့စဉ် လုပ်ပါ။
(၂) တရားထိုင်ပြီး နေ့စဉ် ဘုရားရှိခိုးပါ။
(၃) သူတစ်ပါးကို အာရုံစိုက်မယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ အာရုံစိုက်ပါ။
(၄) ဝင်ငွေလမ်းကြောင်း အများကြီး ရှာပါ။
(၅) ကျန်းမာစေမယ့် အစားအသောက်တွေကိုသာ စားပါ။
(G)နေ့စဥ် Skin Careပါ။
(၇) နေ့စဉ် စာအုပ်ဖတ်ပါ ( သို့ ) YouTube မှ အကျိုးရှိစေမယ့် အကြောင်းအရာများ နားထောင်ပါ။
(၈) ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှုပ်နှံမှု များများလုပ်ပါ။
(၉) သူတစ်ပါးကို Blame မလုပ်မိပါစေနဲ့။
(၁ဝ) အနာဂတ်အတွက် Plan တွေကို ချပြီး လုပ်ဆောင်ပါ။
(၁၁) စိတ်ထားကောင်းတဲ့သူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။
(၁၂) စကားမပြောခင် အရင်ဆုံး စဉ်းစားပါ။ စဉ်းစားပြီးမှ ပြောပါ။
(၁၃) အချိန်ကို လေးစား တန်ဖိုးထားပါ။
(၁၄) ရယူလိုသူထက် ပေးကမ်းလိုသူ ဖြစ်အောင် ကြိုးစားပါ။
(၁၅) ငွေကြေးစီမံခန့်ခွဲမှု ပညာကို လေ့လာသင်ယူပါ။
(၁၆) မိခင်ဘာသာစကားအပြင် နောက်ထပ် ဘာသာစကားတစ်ခုကို ထပ်မံ သင်ယူပါ။
(၁၇) ကိုယ့်ကို ဘယ်တော့မှ မရွေးချယ်မယ့်သူကို မစောင့်ပါနဲ့။
(၁၈) ဒေါသကို ရှေ့တန်းမတင်မိပါစေနဲ့။
(၁၉) မိမိရဲ့အားနည်းချက်တိုင်းကို လူတွေကို မပြောမိပါစေနဲ့။
(၂ဝ) အားမနာတတ်တဲ့သူ ဖြစ်အောင် ကြိုးစားပါ။