K Zee Education (အဂ်လိပ်စာလေ့လာကြမယ်): post #239 — TG.ME

မဂ်လာပါ ဒီနေ့တော့ Plural (အများကိန်း) အကြောင်းလေးပြောပြမယ် English မှာ တစ်ထက်ပိုတာနဲ့အများလို့သတ်မှတ်ပါတယ် ဥပမာ apple - ပန်းသီး ( အနည်းကိန်း) three apples - ပန်းသီး ၃ လုံး (အများကိန်း) အများကိန်းဖြစ်သွားရင် ဘာလုပ်ရလဲဟေ့ လို့ တယောက်ယောက်က်ို မေးလိုက်ရင် s ပေါင်းရတယ်လို့ပြောကြလိမ့်မယ် မှန်ပါတယ် ဒါပေမယ့် အမြဲ s ပေါင်းရတာတော့ မဟုတ်ပါဘူး es ပေါင်းရတဲ့အခါလည်းရှိတယ် ဘယ်ချိန်ဘာပေါင်းရမလဲဆ်ုတာနဲ့ပတ်သက်ပြီးရှင်းပြပါမယ် Noun တွေကို ကြည့်လိုက်ပါ s, ch, sh, x နဲ့ ဆုံးရင် es ပေါင်းရမယ် ဥပမာ bus - ဘတ်စ်ကား (s နဲ့ဆုံးတယ်) bus - buses =========== watch - လက်ပတ်နာရီ (ch နဲ့ဆုံးတယ်) watch - watches ============= brush - သွားတိုက်ဆံ (sh နဲ့ဆုံးတယ်) brush - brushes =========== fox - မြေခွေး (x နဲ့ဆုံးတယ်) fox - foxes ဒီနေ့တော့ ဘယ်ချိန် es ပေါင်းရမလဲဆိုတာကိုပဲပြောပြပါမယ် ကျန်တာတွေက်ိုနောက်နေ့တွေကျရင်ပြောပြပါမယ် တခါထဲအကုန်ပြောရင် ရောမှာစ်ိုးလို့ပါ Good Night ပါဗျ

July 16, 2025 18.6K 9