Kamayut Information - KMY INFO: post #3315 — TG.ME

၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ရက်နေ့မှာ အာဇာနည် (၉)ဦး ကျဆုံးခဲ့ရတယ်။
၂၀၂၁ ခုနှစ်က စတဲ့ ဒီနေ့ထိ နေ့ရက်များမှာတော့ ခေတ်သစ်အာဇာနည်ပေါင်းများစွာ မြန်မာနိုင်ငံနေရာအနှံ့မှာ ကျဆုံးနေခဲ့ရပြီ။

မျက်ရည်သွန်းဖြိုး ဇူလိုင် ၁၉ရက်နေ့မှ စတင်ပြီး နောက်ထပ်များစွာသော အာဇာနည်သူရဲကောင်းတွေ ကျဆုံးမှုကို ဝိုင်းဝန်း ရပ်တန့်ဖို့ ကြိုးစားရင်း၊ အာဇာနည်တွေရှင်သန်နေထိုင်ရအောင် နိုင်တဲ့ဘက်က အားဖြည့်ပါဝင်ရင်း ရှေ့ဆက်ကူသွားကြရအောင်။

ကမ္ဘာတည်သရွေ့_ အာဇာနည်တွေကို မမေ့အပ်ကြစို့။

#TownshipsInformationCommunity
#KISC #KMY_INFO
❤15👍7👏5
July 19, 2024 4.9K