ကမာရွတ် ရပ်ကွက်အချို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများ အကြမ်းဖက်တပ်အင်အားသုံး၍ လိုက်လံပေးနေပြီး ဇူလိုင်လအတွင်း သင်တန်းတက်ရန် ခေါ်ယူ
𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧
{ ဇွန် ၃၀ ရက်၊ ၂၀၂၄ }
ကမာရွတ် အမှတ် (၁) ရပ်ကွက်၊ နီလာလမ်းနှင့် အမှတ် (၅) ရပ်ကွက်၊ အောင်မင်္ဂလာလမ်း၊ စံပါပယ်မာဃလမ်းတို့တွင် စစ်မှုထမ်းရန် ဆင့်ခေါ်စာများကို အကြမ်းဖက်တပ်မှ အင်အားသုံး၍ လိုက်လံပေးဆောင်နေပြီး ဇူလိုင်လအတွင်း သင်တန်းတက်ရန် ခေါ်ယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဇွန် ၂၈ရက်နေ့ ည ၇နာရီဝန်းကျင် အမှတ်(၁) ရပ်ကွက်၊ နီလာလမ်းအတွင်းသို့ စခ၊ ရခ Dc ၃စီး၊ လမ်း၏ ထိပ် ၂ဖက်တွင် ၂စီးတို့ဖြင့် လာရောက်၍ စစ်မှုထမ်းရန် အမည်စာရင်းပါသည့် တိုက်ခန်း (၃)ခု၊ ရွှေစင်ဆန်ဆိုင်တို့အတွင်းသို့ ဝင်ရောက်ကာ စစ်မှုထမ်းဆင့်ခေါ်စာ လာရောက်ပေးသွားကြကြောင်း၊ ဆင့်ခေါ်စာတွင် ပါဝင်သူများသည် ခံဝန်လက်မှတ်ရေးထိုးရမည်ဖြစ်ကာ ၃ရက်အတွင်း အကြောင်းပြရမည်ဖြစ်ကြောင်း၊ ဇူလိုင်လတွင် သင်တန်းတက်ရန် ခေါ်မည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“ ဆင့်ခေါ်စာမှာပါတဲ့ အိမ်တိုင်းကို ဝင်တယ် စာရင်းထဲပါတဲ့ ကလေးတွေက တချို့ရှိကြတယ် တချို့က နေအိမ်မှာ မရှိကြဘူး ကိုဗစ်ကကာလအတွင်း ၁၀တန်းအောင်ပြီးသား အရွယ်လေးအချို့လည်း စာရင်းပါလာတယ် “ ဟု မြေပြင် သတင်းအရင်းအမြစ်ထံမှ သိရသည်။
ဆက်လက်၍ စုံစမ်းကြည့်ရာ နီလာလမ်းအတွင်း စစ်မှုထမ်းရန် အမည်စာရင်းပါသူ (၄)ဦးရှိကြောင်း သိရပြီး မိသားစုဝင်များကို ဇွန် ၂၉ရက်၊ နေ့လည် ၁၂နာရီဝန်းကျင်တွင် အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။ အလားတူ အဆိုပါနေ့ညပိုင်းတွင် ကမာရွတ်၊ အမှတ်(၅)ရပ်ကွက်၊ အောင်မင်္ဂလာလမ်းနှင့် စံပါပယ်မာဃလမ်းအတွင်း အိမ်ထောင်စု (၅)ခုကို စစ်မှုထမ်းဆင့်ခေါ်စာများ ပေးပို့ခဲ့ပြီး မိသားစုဝင်များနှင့် အစည်းအဝေးပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။
စုံစမ်းသိရှိထားတဲ့ ကမာရွတ်မြို့နယ်တွင်း စစ််မှုထမ်းသတင်းများအရ မြို့နယ်လဝကဦးစီးမှူး အောင်မြင့်ဦးနှင့်အဖွဲ့မှ Smart Card ဒေတာများနှင့် ယခင်လူဦးရေစာရင်းများကို တိုက်စစ်၍ ကမာရွတ်မြို့နယ်တွင်း စစ်မှုထမ်းရန်အကျုံးဝင်သည့် အသက်(၁၈)နှစ်နှင့်အထက် လူဦးရေ (၅၂၇၄၄)ဦးထဲမှ ထုတ်နှုတ်စာရင်းပြုစုကာ မူရင်းတစ်စုံ လဝကတွင်ထား၍ မိတ္တူကို မြို့နယ်စီမံ(ထွေအုပ်ရုံး)တွင် ထားရှိမည်ဖြစ်ကြောင်းနှင့် အဆိုပါစာရင်းအတိုင်း စစ်မှုထမ်းရန် ဆင့်ခေါ်စာများကို ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့်အတူ အကြမ်းဖက်တပ်မှ ဝန်းရံ၍ လိုက်လံပေးပို့မည်ဖြစ်ကြောင်း၊ ပျက်ကွက်သူများကို အရေးယူ အပြစ်ပေးနိုင်ရေးတို့အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
🔹ကမာရွတ်မြို့နယ်တွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် သတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေရန်
Telegram Channel - https://t.me/KMYINFO
🔹ကမာရွတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီနှင့် အပေါင်းအပါများ၏ လှုပ်ရှားမှုများကို သတင်းပေးပို့ရန်နှင့် ဖတ်ရှုရန် Telegram Channel - https://t.me/KamayutInformationScoutChannel
#ကမာရွတ် #KMY_INFO #KISC
Telegram
Kamayut Information - KMY INFO
ကမာရွတ်မြို့နယ်သတင်းအဖွဲ့
#KMY_INFO

17
8
2June 30, 2024 4.8K 22